ဘီဘီစီ ရိသ်လက်ချာ မှာ ဒေါ်စု စာတမ်း ဖတ်မယ်

ဘီဘီစီ ရေဒီယို 4 ရဲ့ ကမ္ဘာကျော် ဘီဘီစီ ရိသ် လက်ချာ Reith Lectures အစီအစဉ်မှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နဲ့ MI5 ဗြိတိသျှ ထောက်လှမ်းရေး အဖွဲ့ အကြီး အကဲဟောင်း Baroness Manningham-Buller တို့ ရဲ့ အတွေး အခေါ် စာတမ်း တွေကို ဖတ်ကြား ကြမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် BBC World Service
Image caption အတိုက်အခံ သဘော တရားနဲ့ လွတ်လပ်မှု အကြောင်း ဒေါ်စု ပြောမယ်

ရိသ် လက်ချာ အစီအစဉ်ဟာ နှစ်စဉ် ကမ္ဘာပေါ်က ထင်ရှား ကျော်ကြားသူတွေကို ဖိတ်ခေါ် ပြီး သူတို့ ဟောပြောမှု တွေကို ထုတ်လွှင့်တဲ့ အစီအစဉ် ဖြစ်ပါတယ်။

အခု နှစ် ၂၀၁၁ ခုနှစ် အတွက် "Securing Freedom" ဆိုတဲ့ ခေါင်းစဉ်နဲ့ လတ်တလော ကမ္ဘာကြီးက ကြုံတွေ့နေရတဲ့ ထူးခြားတဲ့ အပြောင်း အလဲ တွေကို ဦးတည်ပြီး ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မြန်မာ နိုင်ငံက ဒေါ်အောင်ဆန်း စုကြည်ရဲ့ စာတမ်းကတော့ အာဏာရှင် အစိုးရရဲ့ လက်အောက်မှာ ဒီမိုကရေစီရေး ရုန်းကန် လှုပ်ရှားမှုကို ဟောပြောမှာ ဖြစ်ပါတယ်။

ပထမ စာတမ်းမှာ မြန်မာ နိုင်ငံကို အခြေခံပြီး အတိုက်အခံ ဆိုတဲ့ သဘော တရားတွေကို လေ့လာ တင်ပြ ထားတာပါ။ ဒုတိယပိုင်းမှာတော့ လွတ်လပ်မှု ဆိုတာ ဘာလဲ ဘယ်လို နည်းနဲ့ ရယူနိုင်မလဲ ဆိုတာ အရှေ့ အလယ်ပိုင်း ဒေသရဲ့ လတ်တလော အခြေအနေတွေကို အခြေခံပြီး တင်ပြမှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်း စုကြည်ရဲ့ အစီအစဉ်ကို လာမယ့် ဇွန်လ ၂၈ ရက်နဲ့ ဇူလိုင် ၅ ရက်နေ့တို့မှာ ထုတ်လွှင့် မှာလည်း ဖြစ်ပါတယ်။