တိုင်းရင်းသား နိုင်ငံရေး အကျဉ်းသား မိသားစုတွေကို ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

  • 13 ဇွန် 2011
ASSK Shan family ဓာတ်ပုံ မူပိုင် bbc burmese
Image caption အကျဉ်းကျ တိုင်းရင်းသား ခေါင်းဆောင်မိသားစုနဲ့ ဒေါ်အောင်ဆန်းစုကြည်

နှစ်ရှည် ထောင်ဒဏ် ကျခံနေကြရတဲ့ တိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦး၊ ဦးစိုင်းညွန့်လွင်၊ ဦးစိုင်းလှအောင် တို့ရဲ့ မိသားစုတွေကို ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံအားပေးခဲ့ပါတယ်။

ဦးခွန်ထွန်းဦးဟာ နှလုံးရောဂါ၊ ဆီးကျိတ်ရောင် ရောဂါတွေ ခံစားနေရပြီး ကျန်းမာရေး အခြေအနေ သိပ်မကောင်းဘူးလို့လည်း SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ ခေါင်းဆောင် ဦးစိုင်းလိတ်က ပြောပါတယ်။

သူတို့ သုံးဦးစလုံးကို ရှမ်းပြည် အတိုင်ပင်ခံ ကောင်စီ ဖွဲ့စည်းဖို့ ကြိုးစားတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ထောင်ဒဏ် နှစ်ရှည်ချမှတ် ခဲ့တာ ဖြစ်ပါတယ်။

ဦးခွန်ထွန်းဦးက ထောင်ဒဏ် ၉၃ နှစ်၊ ဦးစိုင်းညွန့်လွင်က ထောင်ဒဏ် ၈၅ နှစ်၊ ဦးစိုင်းလှအောင်က ထောင်ဒဏ် ၇၉ နှစ် အသီးသီး ကျခံနေကြရတာ ဖြစ်ပါတယ်။