ဘွမ်ဆဲန် စခန်း ကျတာ မဟုတ် စစ်ကစား စစ်ဆင်တာသာဖြစ်

  • 14 ဇွန် 2011
Image caption ကချင် လွတ်လပ်ရေး တပ်မတော်

ကချင် လွတ်လပ်ရေးတပ် KIA က အခိုင်အမာ တပ်စွဲထားတဲ့ ဘွမ်ဆဲန် စခန်းကို မြန်မာ စစ်တပ်က သိမ်းပိုက် လိုက်တယ်လို့ KNG ကချင်သတင်း ဌာနက ရေးသားချက်နဲ့ ပတ်သက်ပြီး KIO ရဲ့ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးလာနန်ကို ဆက်သွယ်ပြီး မေးမြန်း ကြည့်ခဲ့ပါတယ်။

အဓိက နေရာ တခုဖြစ်တဲ့ ကေအိုင်အေ တပ်မဟာ ၃ ရင်း ၁၅ နယ်မြေခွင် ထဲက ဘွမ်ဆဲန် စခန်းကနေ အဲဒီထက် မြင့်တဲ့ အထက် တနေရာဖက် ဆီကို ကေအိုင်အေ တပ်ဖွဲ့တွေ ပြောင်းရွေ့ နေရာ ဆက်ယူ ထားပြီး တိုက်ခိုက် နေတာ ဖြစ်ကြောင်းနဲ့ ဒီလို လုပ်ဆောင်တာဟာ စစ်ရေး သဘောအရ စစ်ကစား စစ်ဆင် နေတာသာ ဖြစ်ပြီး စခန်းတခု ကျဆုံး သွားတာမျိုး မဟုတ်ဘူးလို့ ဦးလာနန်က ဆိုပါတယ်။

ဒါ့အပြင် အစိုးရ စစ်တပ်ဟာ တပ်အင်အား ဖြည့်တင်းမှုတွေ တိုးလုပ် လာနေပြီး ရှမ်းပြည်နယ်မှာ သာမက ကချင်ပြည်နယ် မှာလည်း ထိုးစစ်တွေ ဆင်နွှဲ လာနေတာ ဖြစ်တယ်လို့ ပြောပါတယ်။