ငွေထုတ်ချေးမယ်လို့ စက်မှု ၂ ဝန်ကြီး ပြော

ဓာတ်ပုံ မူပိုင် AP
Image caption လုပ်ငန်းရှင်တွေကို မြန်မာ ကျပ်ငွေ ထုတ်ချေး တော့မယ်

ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့ က ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံ စက်မှု ကုန်ထုတ် သူများ အသင်း နှစ်ပတ်လည် ညီလာခံမှာ စက်မှု ၂ ဝန်ကြီး ဦးစိုးသိန်း က အခမ်း အနား ကို တက်ရောက် လာတဲ့ စက်မှု လုပ်ငန်းရှင် တွေကို စက်မှုလုပ်ငန်းတွေ အရှိန်မြှင့်တင်အောင် ရည်ရွယ်ပြီး လုပ်ငန်းရှင်တွေ ငွေကြေး လိုအပ်ပါက သက်သာတဲ့ အတိုး နဲ့ ချေးပေး သွားမယ် လို့ ကတိပေးသွား ပါတယ်။

အခု ဗဟိုဘဏ်က အတိုးနှုန်းက ၁၇ ရာခိုင်နှုန်း သတ်မှတ် ထားပေမယ့် အခု စက်မှု ၂ ဝန်ကြီးရဲ့ အပြောအရ စက်မှု လုပ်ငန်းရှင် တွေကို မြန်မာ့ စက်မှု ဖွံ့ဖြိုးတိုးတက်ရေး ဘဏ် ကနေ အတိုးနှုန်း သက်သက်သာသာနဲ့ ချေးမှာလို့ ဆိုပါတယ်။

ဒီချေးငွေကို ဘယ်တော့ ထုတ်ချေးပြီး ဘယ်လောက်ထိ ချေးမှာလဲ ဆိုတာတော့ ရှင်းရှင်း လင်းလင်း မသိရသေး ပေမယ့် မြန်မာ့ စီးပွားရေး ပညာရှင် ကိုဇော်ဦး ကတော့ ဒီကိစ္စက ဖြစ်သင့်တာ ကြာပါပြီ ၊ စက်မှု ကဏ္ဍ ဖွံ့ဖြိုးမှုမှာ ပုဂ္ဂလိက အခန်းက အင်မတန် အရေးကြီးပြီး ထိုက်သင့်တဲ့ အကူအညီ ပေးရမယ့် ကိစ္စ ဖြစ်လို့ ဒါမျိုးတွေကို ပိုမို လုပ်ရမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အတိုးနှုန်း သတ်မှတ်တဲ့ ကိစ္စက ခက်ခဲလျက် ရှိပြီး ငွေကြေး ဖောင်းပွမှုနှုန်းနဲ့ ယှဉ်ရင် သက်သာနေပါ သေးတယ်လို့ ပြောပါတယ်။

အစိုးရက လုံလုံလောက်လောက် ထုတ်ချေး နိုင်ပါ့မလား ဆိုတာက ပြဿနာ တခုဖြစ်ပါတယ်လို့ သုံးသပ် ပြောဆို သွားခဲ့ပါတယ်။

ထုတ်ချေးမယ့်ငွေ မလုံလောက်ရင် တခြား လုပ်ငန်းတွေကို ထိခိုက်သွားမလား ဆိုတာ စဉ်းစားစရာဘဲလို့ ဆိုပါတယ်။