ငြိမ်း​ချမ်း​ရေး​ပြန်​လုပ်​ဖို့ မြန်မာ​စစ်​တပ်​ကို​ပြော

  • 15 ဇွန် 2011

ယူကေနိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အငယ်တန်းဝန်ကြီး jeremy Browne က မြန်မာအစိုးရအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အပစ်ရပ်သဘောတူ ညီချက် ပြန်ယူသင့်တယ်လို့ ပြောကြားလိုက်ပါတယ်။

ဓာတ်ပုံ မူပိုင် fco
Image caption တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေး ယူဖို့ အငယ်တန်းဝန်ကြီးပြော

ဇွန်လ ၁၀ ရက် ရက်စွဲနဲ့ Burma Campaign UK ကို ရေးသားတဲ့စာမှာ အခုလိုရေးသားထားတာ ဖြစ်ပါတယ်။ မြန်မာစစ်အစိုးရ လက်ထက်က တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အပစ်ရပ် ငြိမ်းချမ်းရေး ယူခဲ့ပြီးနောက်မှာ မနှစ်က စလို့ ဒီနှစ်အထိ ငြိမ်းချမ်းရေး သဘောတူညီချက် သုံးခုကို ချိုးဖျက်ပြီး မြန်မာစစ်တပ်က တိုင်းရင်း သားတွေ အပေါ် ထိုးစစ်တွေ ဆင်ခဲ့တယ်လို့ ဝန်ကြီးရဲ့ စာထဲမှာ ဖော်ပြထားပါတယ်။

မြန်မာအစိုးရသစ်ရဲ့ စစ်တပ်က မကြာသေး ခင်က ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ တိုင်းရင်းသား လက်နက်ကိုင်တွေ အပေါ် တိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။