မြန်မာ​တွေ​ကို ထိုင်း​လူ​ကုန်​ကူး အထူး​ရဲ ကယ်

  • 15 ဇွန် 2011

ထိုင်းနိုင်ငံ ဆူဖန်ဘူရီခရိုင် စန်ချုပ်မြို့နယ်က အိမ်တအိမ်မှာ မြန်မာ ၅၀ ကျော်ကို လူကုန်ကူးမှု တိုက်ဖျက်ရေး ထိုင်းရဲတပ်ဖွဲ့က ဇွန်လ ၁၄ ရက်က ကယ်တင်နိုင် လိုက်တယ်လို့ ထိုင်းနိုင်ငံမှာ မြန်မာ့အရေး ကူညီဆောင်ရွက်ပေးနေတဲ့ TACDB အဖွဲ့က ပြောပါတယ်။

Image caption ထိုင်းရောက် မြန်မာအလုပ်သမားများ မှတ်ပုံတင် ပြုလုပ်နေကြပါတယ်

ရဲတပ်ဖွဲ့ဝင် ၂၀ လောက်နဲ့ မြန်မာစကားပြန် အပါအဝင် TACDB အဖွဲ့ဝင် ၅ ဦးက အိမ်ထဲဝင်ပြီး မြန်မာ အမျိုးသား ၂၈ ဦး၊ အမျိုးသမီး ၂၄ ဦး၊ စုစုပေါင်း ၅၂ ဦးကို ကယ်တင်နိုင် ခဲ့တယ်လို့ TACDB က ရှေ့နေ နက်ဆာ အက်ချဝါရင် က ပြောပါတယ်။

အခုတော့ လူကုန်ကူးသူလို့ မသင်္ကာတဲ့ ထိုင်းလူမျိုး ၅ ဦးနဲ့ မြန်မာ ၃ ဦးကို ထိုင်း ရဲက ဖမ်းဆီး ထားပြီး မကြာခင် စစ်ဆေးမှုတွေ လုပ်မယ်လို့ သိရပါတယ်။