ရေကာတာ စီမံကိန်းကြောင့် တိုင်းရင်းသားနဲ့ ပဋိပက္ခဖြစ်စေ

  • 16 ဇွန် 2011
ဓာတ်ပုံ မူပိုင် bangkok post
Image caption ရေကာတာ စီမံကိန်းက ဆောက်လုပ်ရေး လုပ်ငန်းခွင်

အခု ကချင်ပြည်နယ် အတွင်းမှာ ဖြစ်နေတဲ့ အစိုးရတပ်နဲ့ ကချင် KIA တပ်တို့ရဲ့ တိုက်ပွဲ ဖြစ်ရခြင်း အကြောင်းထဲမှာ ရေအား လျှပ်စစ် စီမံကိန်းအတွက် နယ်မြေ ရှင်းလင်းရေး အကြောင်းပြချက်လည်း ပါဝင်ပြီး ဒီလို ရေအား လျှပ်စစ်စီမံကိန်း တွေဟာ တိုင်းရင်းသား ဒေသတွေမှာ ပဋိပက္ခနဲ့ လူ့အခွင့်အရေး ချို့းဖောက်မှုတွေ ပိုဖြစ်ပွားစေတယ်လို့ ထိုင်းမြန်မာ နယ်စပ်အခြေစိုက် မြန်မာနိုင်ငံ မြစ်ချောင်းများကွန်ယက်က ပြောပါတယ်။

ကချင်ပြည်နယ်အတွင်းက တာပိန်နဲ့ အပြင် ရွှေလီ စီမံကိန်းတစ်ဝိုက်မှာလည်း တိုက်ပွဲ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ရေကာတာ စီမံကိန်းကြောင့် လုံခြုံရေးအတွက် စစ်တပ် တိုးချဲ့လာလို့ ပဋိပက္ခ ဖြစ်ပေါ်စေတယ် ရွှေလီ စီမံကိန်းခွင် မှာလည်း တိုက်ပွဲတွေ ဖြစ်နေတယ် လို့လည်း ပြောပါတယ်။

တခြား တိုင်းရင်းသား ဒေသတွေမှာ ကြည့်မယ် ဆိုရင်လည်း သံလွင်မြစ် တလျှောက်မှာ ကြည့်ရင် ရှမ်းပြည်မြောက်ပိုင်းက နောင်ဖာ ရေကာတာ စီမံကိန်း မှာလည်း စစ်ဖြစ်တယ် ၊ တာဆန်း ရေကာတာ စီမံကိန်းမှာလည်း တိုက်ပွဲ ဖြစ်ခဲ့တယ် ၊ ကရင် ပြည်နယ် မှာဆိုရင်လည်း ထပ်ကြီး ရေကာတာ စီမံကိန်းမှာ စစ်ဖြစ်ပွား နေတယ် ဒါတွေကို ကြည့်ရင် ရေကာတာ စီမံကိန်းနဲ့ တိုက်ပွဲတွေ ဆက်စပ်နေတာ တွေ့ရတယ်လို့ မြန်မာနိုင်ငံ မြစ်ချောင်းများ ကွန်ယက်က ကိုစိုင်းစိုင်းက ဆိုပါတယ်။

အခုလို ဖြစ်ပွားမှုတွေဟာ အရင်ကထက် စာရင် ပိုများလာတာ တွေ့ရကြောင်းလည်း ကိုစိုင်းစိုင်းက ပြောပြသွားပါတယ်။