နမ်ဆန်ယန် စရဖရုံး ဗုံးခွဲ တိုက်ခိုက်ခံရ

  • 19 ဇွန် 2011
ဓာတ်ပုံ မူပိုင် bbc
Image caption ကေအိုင်အေနဲ့ အစိုးရစစ်တပ် အကြား တိုက်ခိုက်မှုတွေ နေ့စဉ် ဖြစ်ပွားနေတာပါ

ဒီကနေ့မနက် (၂) နာရီခွဲလောက်က မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန် မြို့နယ်ခွဲ ‘နမ်ဆန်ယန်’ မှာရှိတဲ့ စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ) ရုံးကို ကေအိုင်အေ ဘက်ကနေ ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း သိရ ပါတယ်။

ကေအိုင်အေ ဘက်က အဆိုအရ နမ်ဆန်ယန် စရဖရုံး ဗုံးခွဲ တိုက်ခိုက်ရာမှာ အစိုးရစစ်တပ်မှ (၅) ဦး သေဆုံးခဲ့တယ် ဆိုပါ တယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး သီးခြား အတည်ပြုချက်တော့ ရယူနိုင်ခြင်း မရှိသေးပါဘူး။

ကေအိုင်အေနဲ့ အစိုးရစစ်တပ် အကြား အပြန်အလှန် တိုက်ခိုက်မှုတွေ နေ့စဉ် ဆက်တိုက် ဆက်လက် ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

စနေနေ့ နေ့လည်ပိုင်းကလည်း တနေ့လုံး လိုလို ရွှေကူမြို့နယ် ‘ပန်ဒန်’ ရွာအနီးမှာ တိုက်ပွဲ တွေ ဖြစ်ပွားခဲ့ရာမှာ အစိုးရတပ်ဘက်က (၃) ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကာ၊ နောက်ထပ် သေဆုံး ထိခိုက်ဒဏ်ရာရသူ (၆) ဦး ထပ်မံရှိခဲ့တယ်လို့ ကေအိုင်အေဘက်က ပြောပါတယ်။