ကော့ကရိတ်က အစိုးရတပ်ကို ဒီကေ ဘီအေ တိုက်

  • 20 ဇွန် 2011

ကော့ကရိတ် ဘက်က ဒီကေဘီအေနဲ့ ကေအင်ယူ ပူးပေါင်းတပ် တွေက အစိုးရ တပ် ခလရ ၂၃၀ ရဲ့ ရေတံခွန်လေး စစ်စခန်းကို တနင်္လာနေ့ မွန်းလွဲ ပိုင်းက ဝင်ရောက် တိုက်ခိုက်ခဲ့ ပါတယ်။

အဲဒီ စခန်းဟာ ကော့ကရိတ်မြို့ ကနေ ၅ မိုင်လောက် ဝေးတဲ့ ကော့ကရိတ်နဲ့ မြဝတီ အဝေးပြေး ကားလမ်းမ ပေါ်မှာ ရှိပါတယ်။

ဓာတ်ပုံ မူပိုင် afp
Image caption နယ်ခြားစောင့်တပ် မလုပ်လို တော့တဲ့ ဒီကေ ဘီအေ တွေ နဲ့ အစိုးရ တပ်တွေလည်း တိုက်ခိုက်နေကြ

နေ့လည် ၁၂ နာရီကျော်ကျော် လောက်မှာ ဝင်ရောက် တိုက်ခိုက် ခဲ့တာလို့ ဒီကေ ဘီအေ တပ်မှူး တစ်ယောက် ဖြစ်တဲ့ဗိုလ်မှူး ကျော်သက်က ဘီဘီစီကို ပြောပါတယ်။

အစိုးရ စစ်တပ် ဘက်က စစ်သား တစ်ယောက် ကျဆုံးပြီး နောက်ထပ် တစ်ယောက် ဒဏ်ရာရသွားတယ်၊ ဒီကေ ဘီအေနဲ့ ကေအင်ယူ ပူးပေါင်း တပ်တွေ ဘက်ကတော့၊ အထိ အခိုက် မရှိဘူး လို့လည်း သူက ပြောပါတယ်။

အသေ အပျောက် စာရင်းနဲ့ ပတ်သက်လို့ အစိုးရ ဘက်က ထုတ်ပြန်တာ မရှိသေးသလို ဘီဘီစီ ကလည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိသေး ပါဘူး။

အလားတူ မြဝတီမြို့ တောင်ဘက် မိုင် ၁၂၀ လောက် အကွာက အဇင်းရွာ အခြေစိုက် အစိုးရ စစ်စခန်း တစ်ခုကို တနင်္ဂနွေ နေ့က ဒီကေဘီအေတွေ ဝင်တိုက်ပြီး အစိုးရ စစ်တပ်က စစ်ဗိုလ် တစ်ယောက်ကို လက်ရ ဖမ်းဆီး သွားတယ်လို့ ဒေသခံ တွေက ပြော ပါတယ်။

ဒါကြောင့် အစိုးရ စစ်တပ်က အဇင်းရွာက ရွာသား တစ်ရာကျော်ကို သူပုန် နဲ့ အဆက် အသွယ်တွေ ဆိုပြီး ဖမ်းဆီး ရိုက်နှက် နေတယ်လို့လည်း ဆိုပါတယ်။

ဒီကေ ဘီအေက ဖမ်းသွားတဲ့ စစ်ဗိုလ်ကို ပြန်မလွှတ်ရင် ဖမ်းထားတဲ့ ရွာသား တွေရဲ့ ကံကြမ္မာကို အာမ မခံဘူးလို့ အစိုးရ စစ်တပ်က ရာဇသံပေးထား တယ်လို့ ရွာသား တွေက ပြောပါတယ်။

မြိုင်ကြီးငူ ဘက်မှာတော့ တပ်မ ၄၄ လက်အောက်ခံ တပ်တွေက မြိုင်ကြီးငူအနီး ကရင် ရွာသား တွေကို အစိုးရဘက် ပါအောင် စည်းရုံး နေပြီး တပ်မ ၁၁ က ရွှေဂွန်းဘက် ကနေ ကမမောင်း ရွာဘက်ကို တက်သွားတယ်လို့ ဒီကေဘီအေက ပြောပါတယ်။

မြိုင်ကြီးငူက ဒီကေဘီအေနဲ့ ကေအင်ယူ ပူးပေါင်း တပ်တွေ ရှိတဲ့ နေရာကို အစိုးရ တပ်တွေ တဖြည်းဖြည်း နီးကပ် လာနေတဲ့ အတွက် မကြာခင် တိုက်ပွဲတွေ ဖြစ်လာ နိုင်တယ်လို့ ဒီကေဘီအေ တပ်မှူး ဗိုလ်မှူး ကျော်သက်က ပြောပါတယ်။