ဘာ​ရိန်း​အစိုးရ​ဆန့်​ကျင်​သူ ထောင်ဒဏ်​တ​သက်​ကျ

  • 22 ဇွန် 2011

ဒီနှစ်အစောပိုင်းက ဘာရိန်းနိုင်ငံမှာဖြစ်ခဲ့တဲ့ အစိုးရဆန့်ကျင်ရေးလူထုလှုပ်ရှားမှု တွေ အတွင်းမှာ အစိုးရပြုတ်ကျအောင် ကြိုးပမ်းကြံစည်ခဲ့တာမို့ အပြစ်ရှိတယ် ဆိုပြီး အတိုက်အခံ နိုင်ငံရေးလှုပ်ရှားသူ ၈ ဦးကို ထောင်ဒဏ်တသက် ပြစ်ဒဏ် ပေးလိုက်ပါတယ်။

ဓာတ်ပုံ မူပိုင် Other
Image caption ဘာရိန်းစစ်ခုံရုံးက အမိန့်ချမှတ်ခဲ့တဲ့ မြင်ကွင်း

ဘာရိန်းစစ်ခုံရုံးက အမိန့်ချခဲ့တာမှာ တခြား အတိုက်အခံ လှုပ်ရှားသူတွေကိုတော့ ထောင် ဒဏ် ၂ နှစ် ကနေ ၁၅ နှစ်အထိ အပြစ်ပေးခဲ့ ပါတယ်။

အစိုးရ ဆန့်ကျင်ရေး သမား အများစုက ရှီးယား လူမျိုးစုတွေ ဖြစ်ပြီး ဘာရိန်းနဲ့ ပင်လယ်ကွေ့ မဟာမိတ် နိုင်ငံတွေ ကတော့ အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားသူ တွေဟာ အာရပ် ပင်လယ်ကွေ့ နိုင်ငံတွေကို မတည်မငြိမ် ဖြစ်စေချင်တဲ့ အီရန် အတွေးအခေါ် တခုကြောင့် ဖြစ်တယ်လို့ စွပ်စွဲ ကြပါတယ်။