ပြည်နယ် တိုင်း လွှတ်တော် ဇွန်လ ၂၉-၃၀ ခေါ်

  • 23 ဇွန် 2011
ဓာတ်ပုံ မူပိုင် AFP
Image caption ပြည်နယ်တိုင်း လွှတ်တော်ခေါ်တာ သမ္မတရဲ့ ဆင်းရဲမှု ပပျောက်ရေးကို ဆွေးနွေးဖို့လို့ ယူဆ

အခုလ ၂၉ရက်နေ့နဲ့ ၃ဝ ရက်နေ့တွေမှာ တိုင်းနဲ့ပြည်နယ် လွှတ်တော် အထူးအစည်းအဝေး ကျင်းပဖို့ တိုင်းနဲ့ ပြည်နယ် လွှတ်တော်အမတ်တွေကို ဖိတ်စာပေးပို့ ထားပါတယ်။

တိုင်းနဲ့ ပြည်နယ် အထူး လွှတ်တော် အစည်းအဝေးဆိုပြီး ဖိတ်စာထဲမှာ ဖေါ်ပြပေမယ့် ဘာတွေဆွေးနွေးမယ်ဆိုတဲ့ ခေါင်းစဉ်တော့ မပါဘူးလို့ ရန်ကုန်တိုင်း ရခိုင်ရေးရာ လွှတ်တော်အမတ် ဦးဇော်အေးမောင်က ပြောပါတယ်။

ချင်းပြည်နယ် လွှတ်တော်အမတ် ဦးဇိုဇမ်ကလည်း ဖိတ်စာရထားပြီ ဖြစ်ပေမယ့် ဘာအတွက် ဆွေးနွေးမယ်ဆိုတာ သိဘူး၊ ဒါပေမယ့်လည်း သမတဦးသိန်းစိန်ရဲ့ ဆင်းရဲနွမ်းပါးမှု လျော့ချရေး လုပ်ငန်းစဉ်အတွက် ဖြစ်နိုင်တယ်လို့ ခန့်မှန်းပြောပါတယ်။

သမတ ဦးသိန်းစိန်ရဲ့ မိန့်ခွန်းထဲမှာတော့ အထက်က အောက်ကို အမိန့်ပေး လုပ်တာမျိုးမဟုတ်ဘဲ အောက်ခြေက သင့်တော်သလို လုပ်ရမှာဖြစ်တယ်လို့ ပြောခဲ့ပေမယ့် အောက်ခြေနဲ့ ထိစပ်လုပ်ကိုင်နေတဲ့ တိုင်းနဲ့ ပြည်နယ်အမတ်တွေကတော့ အထက်ကချပေးတဲ့ ခေါင်းစဉ်ကိုဘဲ ဆွေးနွေးရမယ့်အနေအထားဖြစ်နေတယ်လို့ အမတ်တွေကပြောပါတယ်၊