လူထုအုံကြွမှုမျိုး မဖြစ်အောင် သူရဦးရွှေမန်း သတိပေး

  • 24 ဇွန် 2011
လွှတ်တော်မှာ သမ္မတ ကျမ်းသစ္စာဆိုနေစဉ် ဓာတ်ပုံ မူပိုင် bbc
Image caption လွှတ်တော်မှာ သမ္မတ ကျမ်းသစ္စာဆိုနေစဉ်

ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ရန်ကုန်တိုင်း လွှတ်တော်သုံးရပ်က ကိုယ်စားလှယ်တွေ ကုန်သည်ကြီးများ အသင်းနဲ့ စာနယ်ဇင်းက ပုဂ္ဂိုလ်တွေကို ဖိတ်ကြားပြီး လွှတ်တော်အတွင်း ဥပဒေပြဌာန်းလုပ်ဆောင်ကြဖို့ လူထုအုံကြွမှုတွေ မဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်းကြဖို့ တိုက်တွန်း ပြောကြား သွားပါတယ်။

အဲဒီအစည်းအဝေးကိုတက်ရောက်ခဲ့တဲ့ အမျိုးသား လွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်က တိုင်းပြည်အခြေအနေဟာ အောက်တန်းကျတဲ့ အခြေအနေကနေ ရုန်းထွက်ဖို့ဆိုရင် လွှတ်တော်ရဲ့အခန်းကဏ္ဍကိုမြှင့်တင်ဖို့လိုကြောင်း လွှတ်တော်မှာ ဥပဒေပြုပြီး ပြဌာန်းလိုက်နာဖို့လိုကြောင်း ပြောတယ်လို့ဆိုပါတယ်။

အဓိကအားဖြင့် လွှတ်တော်ကပြဌာန်းတဲ့ ဥပဒေအထက်မှာ ဘယ်သူမှမရှိသလို ဥပဒေအပြင်ပမှာလည်း ဘယ်သူမှမရှိအောင် အမတ်တွေက ကြိုးစားဆောင်ရွက်ဖို့လိုတယ် လို့ဆိုပါတယ်။

တနည်းအားဖြင့် အမည်ထုတ်ဖေါ်မပြောပေမဲ့ ဒေါ်အောင်ဆန်းစုကြည်က နယ်ကိုခရီးထွက်ဖို့ ပြင်နေတဲ့အပေါ် လူထုလှုပ်ရှားမှုတွေပေါ်ပေါက်မှာစိုးလို့ အတိတ်ကို သင်ခန်းစာယူကြဖို့ သတိပေး ပြောကြားတာလို့သိရပါတယ်။