မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အခမ်းအနား လိုင်ဇာမှာ ကျင်းပ

  • 25 ဇွန် 2011
ဓာတ်ပုံ မူပိုင် KNG
Image caption လူ(၃၀၀၀) လောက် တက်ရောက်ခဲ့ပြီး၊ KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂမ်ရှောင် မိန့်ခွန်းပြော

မြန်မာအစိုးရတပ်တွေနဲ့ တင်းမားမှုတွေ ရှိနေတဲ့ ကချင်ပြည်က ကချင်လွပ်လပ်ရေး တပ်မတော်နဲ့ ကေအိုင်အို ဌာနချုပ်ရှိရာ လိုင်ဇာမှာ မနက်ဖြန် ကျရောက်မယ့် ကမ္ဘာ့ မူးယစ်ဆေးဝါး တားဆီးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပခဲ့ပါ တယ်။

ဒီအခမ်းအနားကို ကေအိုင်အေ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ရှောင် တက်ရောက် မိန့်ခွန်း ပြောကြားပြီး စုစုပေါင်း လူ(၃၀၀၀) လောက် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဒီအခမ်းအနားမှာ ဗိုလ်ချုပ်ဂမ်ရှောင်က မြန်မာအစိုးရဟာ မူးယစ်ဆေးဝါးကိစ္စကို လက်နက် သဖွယ်သုံးပြီး ကေအိုင်ကေကို ထိုးနှက်နေတဲ့အတွက် သတိထားရမယ်လို့ သူရဲ့ မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားသွားပါတယ်။

မနေ့က မြို့ ၃ မြို့မှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲခဲ့မှုတွေနဲ့ ပတ်သက်ပြီး၊ ဒီလုပ်ရပ်တွေဟာ ပြည်သူတွေ အထိတ်တလန့်ဖြစ်အောင်နဲ့ ရရှိထားပြီးသား တည်ငြိမ်အေးချမ်းရေး ပျက်ပြား အောင် အကြမ်းဖက် သောင်းကျန်းသူတွေက ရည်ရွယ်လုပ်ဆောင်တာ ဖြစ်တယ်ဆိုပြီး ဒီကနေ့ထုတ် အစိုးရ သတင်းစာတွေမှာ ဖေါ်ပြထားပါတယ်။

နောက်ပြီး တာဝန်သိပြည်သူတွေအနေနဲ့ အခုဗုံးပေါက်ကွဲမှုတွေနဲ့ ပတ်သက်ပြီး၊ မသင်္ကာသူ တွေ့ရှိပါက သက်ဆိုင်ရာကို ချက်ချင်းအကြောင်းကြားဖို့ ကိုလည်း သတင်းစာတွေထဲမှာ ရေးသားထားပါတယ်။