မြန်မာနိုင်ငံ တိုက်ပွဲတွေ ရပ်ဖို့ အမေရိကန် အစိုးရ တောင်းဆို

  • 25 ဇွန် 2011
Image caption မြန်မာပြည်က တိုက်ပွဲတွေ ရပ်ဖို့ အမေရိကန် ပြော

မြန်မာနိုင်ငံ မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အဆုံးသတ်ပေး ပါလို့ အမေ ရိကန် အစိုးရ သောကြာနေ့ က တောင်းဆို လိုက် ပါတယ်။

မြန်မာနိုင်ငံ မြောက်ပိုင်းနဲ့ တခြား ဒေသတွေက တိုက်ပွဲ ဖြစ်ပွားနေမှုတွေကို အမေရိကန် အစိုးရ က စိုးရိမ် ပူပန်ကြောင်းနဲ့ အကြမ်းဖက်မှု တွေကို ရပ်ကြပါလို့ အမေရိကန် အစိုးရ နိုင်ငံခြား ရေး ဌာနရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် Victoria Nuland က ဆိုပါတယ်။

တိုက်ပွဲ ဖြစ်ပွားနေတဲ့ ဒေသတွေ အတွင်း ထိခိုက် ဒဏ်ရာရ သေဆုံးမှုတွေ ၊ အမျိုးသမီး တွေအပေါ် အဓမ္မ ပြုကျင့်မှုတွေနဲ့ ဒေသခံတွေ အိုးအိမ် စွန့်ခွာ ပြေးရတာတွေ အပါ အဝင် လူ့အခွင့်အရေး ဆုံးရှုံးမှုတွေ အပေါ် အထူး စိုးရိမ်မိတယ် လို့လည်း သူ က ပြောကြောင်း အေအက်ဖ်ပီ သတင်းမှာ ရေးသား ထားပါတယ်။