ပြည်သူ့လွှတ်တော်ဥက္ကဌ ရုရှားသို့သွား

  • 26 ဇွန် 2011
သူရဦးရွှေမန်း ရုရှားခရီး မြန်မာသတင်းဓတ်ပုံ
Image caption သူရဦးရွှေမန်း ရုရှားခရီး မြန်မာသတင်းဓတ်ပုံ

ရုရှား ဖက်ဒရေးရှင်း နိုင်ငံ ဒူးမား လွှတ်တော်ဥက္ကဌရဲ့ ဖိတ်ကြားချက်အရ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော် ရေးရာကော်မတီဝင်များ ပါတဲ့ ကိုယ်စားလှယ်အဖွဲ့ စနေနေ့က ရုရှားဖက်ဒရေးရှင်းနိုင်ငံကို ထွက်ခွာသွားပါတယ်။

ခရီးစဉ်အတွင်းရုရှားလွှတ်တော်အဆင့်ဆင့်မှာ ဘယ်လိုဖွဲ့စည်းတယ် လွှတ်တော် ကော်မတီတွေရဲ့လုပ်ငန်း တာဝန်တွေဘယ်လိုရှိတယ်ဆိုတာကိုလေ့လာပြီး မြန်မာနိုင်ငံမှာလည်း အလားတူ ကျင့်သုံးနိုင်တာရှိရင် လွှတ်တော်၃ရပ်အတွင်း ထိန်းညှိဆောင်ရွက်နိုင်အောင်လေ့လာဖို့သွားတာလို့ အမျိုးသား လွှတ်တော် မော်ကွန်းမှတ်တမ်းများ ကော်မတီဥက္ကဌ ဒေါက်တာအေးမောင်က ဘီဘီစီက ိုပြောပါတယ်။

ရုရှားနိုင်ငံဟာ ကွန်မြူနစ် စနစ်ကနေ ပါလီမန်လွှတ်တော်ကို ပြောင်းလဲလာလို့ မြန်မာနိုင်ငံမှာ လုပ်နေတဲ့ လွှတ်တော်နဲ့သွားတဲ့စနစ် အတွက်လေ့လာ စရာတွေ အမြင်ခြင်းဖလှယ်စရာ တွေအများကြီး ရှိတယ်လို့သူက ဆက်ပြောပါတယ်။

မကြာမီက ရုရှားဒုတိယနိုင်ငံကြားရေး ဝန်ကြီးလာရောက်တာရှိသလို မြန်မာနိုင်ငံ စစ်တပ်အတွက်လည်း ရုရှားကိုပညာသင်စေလွှတ်မှုတွေရှိနေတဲ့အတွက် လွှတ်တော်ရေးရာအပြင် နှစ်နိုင်ငံအတွင်း ဆောင်ရွက်နေတဲ့စစ်ရေး စီးပွားရေးစတဲ့ လုပ်ငန်းတွေလည်းပူးပေါင်းဆောင်ရွက်ဖို့ အဓိက ပါဝင်နိုင်တယ်လို့ ပြောဆိုမှုတွေ ထွက်ပေါ်နေပါတယ်။