ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆွေးနွေးဟောပြောမှု ထုတ်လွှင့်

  • 28 ဇွန် 2011
DASSK

မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးနဲ့ အတွေးအခေါ် ဆိုင်ရာ ဆွေးနွေး ဟောပြောချက် တစ်ခုကို ဘီဘီစီရဲ့ ရုပ်သံအစီအစဉ်တွေမှာ ဇွန် ၂၈ ရက် အင်္ဂါနေ့မှာ စတင်ထုတ်လွှင်ခဲ့ပါတယ်။

ဘီဘီစီရဲ့ ဗြိတိန်နိုင်ငံတွင်း ရေဒီယိုဌာန တစ်ခုဖြစ်တဲ့ ဘီဘီစီ ရေဒီယို ဖော ရဲ့ ကမ္ဘာကျော် BBC Reith Lectures အစီအစဉ်မှာ ဒေါ်အောင်ဆန်း စုကြည်က ''Securing Freedom - လွတ်လပ် မှုကို ရယူခြင်း'' ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အင်္ဂလိပ် ဘာသာနဲ့ ရေးသားထုတ်လွှင့် ခဲ့ပါတယ်။

ဒီအစီအစဉ်ဟာ ကမ္ဘာ့ခေါင်းဆောင်တွေ၊ အတွေးအခေါ်ဆိုင်ရာ ပညာရှင်တွေက တစ်နှစ်တစ်ခါ ဟောပြောပို့ချတဲ့ အထင်ကရ အစီအစဉ်တစ်ခု ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က လွတ်လပ်မှုနဲ့ပတ်သက်လို့ သူ့ရဲ့အတွေ့အကြုံတွေ၊ ဘာသာရေး အတွေးအခေါ်တွေ အပေါ်မှာအခြေခံပြီး ဆွေးနွေးခဲ့သလို သူဟောပြောပြီး တဲ့နောက် လန်ဒန် ဘီဘီစီစတူဒီယိုထဲမှာ သူ့ဟောပြောချက် လာနားထောင်တဲ့ ပရိတ်သတ်တွေနဲ့လည်း အမေးအဖြေလုပ်ခဲ့ပါတယ်။

နောက်ပြီး အတိုက်အခံလှုပ်ရှားမှုနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင်သဘောထား တွေကိုလည်း ဇူလိုင်လ ၅ ရက်နေ့မှာ ထုတ်လွှင့်မယ့် BBC Reith Lectures အစီအစဉ်မှာ ထုတ်လွှင့်တင်ဆက်ပေးဦးမှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မူရင်း ဆွေးနွေးချက်ကို နားဆင်ချင်ရင် ဒီမှာ Click နှိပ်ပါ။