ဟောလီးဝုဒ်မင်းသမီးကို မြန်မာက နှင်ထုတ်

  • 28 ဇွန် 2011
Michelle Yeoh ဓာတ်ပုံ မူပိုင် AP
Image caption မင်းသမီး Michelle Yeoh

ဟောလီးဝုဒ်ရုပ်ရှင်သရုပ်ဆောင် မစ်ရှဲယိုးဟာ မကြာခင်ရက်ပိုင်းက မြန်မာနိုင်ငံကို အသွားမှာ မြန်မာ အာဏာပိုင်တွေက ရန်ကုန် လေဆိပ်ကနေ ပြည်နှင်ဒဏ်နဲ့ ပြန်လွှတ်ခဲ့ပါတယ်။

မစ်ရှဲ ယိုးဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘ၀အကြောင်းကို မကြာခင်ကပဲ သူကိုယ်တိုင် အဓိက သရုပ်ဆောင်အဖြစ် ရုပ်ရှင်ရိုက်ကူး ထားတာပါ။

နောက်ပြီး မစ်ရှဲယိုးကို မြန်မာအာဏာပိုင်တွေက Blacklist အဖြစ် မြန်မာ အစိုးရရဲ့ တားမြစ်စာရင်းထဲကို ထည့်ထား လိုက်တယ် လို့လည်း သိရပါတယ်။ ဘာကြောင့် အဲဒီလို လုပ်သလဲ၊ ဘာကြောင့် ပြည်နှင်ဒဏ်ပေးခံရသလဲဆိုတဲ့ အကြောင်းရင်း ကိုတော့ မသိရသေးပါဘူး။

မစ်ရှဲယိုးဟာ ဂျိန်းစဘွန်းကားဖြစ်တဲ့ Tommorrow Never Dies မှာ သရုပ်ဆောင်ခဲ့သလို Crouching Tiger Hidden Dragon လို ကမ္ဘာကျော် တရုတ်သိုင်း ကားတွေမှာလည်း သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးတစ်လက် ဖြစ်ပါတယ်။