မြန်မာနဲ့ မှောင်ခို ကုန်ကူးသူတွေ ဘင်္ဂလားဒေ့ရှ်က ဖမ်းမိန့်ထုတ်

  • 2 ဇူလိုင် 2011
Arakan
Image caption ဘင်္ဂလားဒေ့ရှ် နဲ့ နယ်ချင်းကပ်နေတဲ့ ရခိုင်ပြည်နယ် ကြားမှာ ကုန်သွယ်မှု တွေ ရှိနေတာပါ

ဘင်္ဂလားဒေ့ရှ် နိုင်ငံကနေ ပြည်ပ တင်ပို့မှု တားမြစ် ထားတဲ့ ဓါတ်မြေသြဇာ၊ ဒီဇယ်ဆီ၊ စားသုံးဆီနဲ့ အဝတ်အထည် တွေကို မြန်မာနိုင်ငံ ဘက်ဆီ တရား မဝင် တင်ပို့ နေတဲ့ ဘင်္ဂလားဒေ့ရှ် ကုန်သည် ၁၇ ဦးကို ဖမ်းဆီးဖို့ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက အမိန့်ထုတ် လိုက်ပါတယ်။

ဖမ်းမိန့်ထုတ်တာ ခံရတဲ့ ဘင်္ဂလားဒေ့ရှ် ကုန်သည် တွေဟာ မြန်မာနိုင်ငံနဲ့ နယ်ချင်းကပ်လျက် ကော့ဆက်ဘဇား ခရိုင်က ဖြစ်ပြီး အများစုဟာ တက်ကနတ်မှာ နေထိုင် ကြသူတွေ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လူသုံးကုန် ပစ္စည်းစျေးနှုန်း တွေ တစထက်တစ မြင့်တက်လာနေ တာကြောင့် အစိုးရက အခုလိုမှောင်ခို သမားတွေကို နှိမ်နှင်းဖို့ ပိုလုပ်ဆောင် လာတာလို့ ဆိုပါတယ်။

အဓိကအားဖြင့် မြန်မာနဲ့ နပ်စပ် မြို့တွေ အချင်းချင်း ကြားမှာ စက်လှေတွေနဲ့ အပြန်အလှန် တရားမဝင် ကုန်ပစ္စည်းတွေ တင်ပို့ရောင်းဝယ် နေကြတာဖြစ်ပြီး မြန်မာဘက် ကလည်း သစ်နဲ့ အိမ်မွေးတိရိစ္ဆာန်တွေကိုတရားမဝင် တင်ပို့တာတွေ ရှိနေပါတယ်။