ဖါးကန့်မှာရေကြီး

  • 1 ဇူလိုင် 2011
ကချင်ပြည်နယ် မြေပုံ
Image caption ကချင်ပြည်နယ် မြေပုံ

ဇွန်၃၀ ရက်မနက်ခင်းမှာ ဥရုချောင်းရေလျှံ လာလို့ ဖားကန့်မြို့ပေါ်က မှော်ပိုင်းရပ် ကွက်မှအပ ကျန်တဲ့ မြေနိမ့်တဲ့နေရာက အိမ်ခြေ ၂ထောင်ကျော် ရေနစ်မြုပ်ပျက် စီးခဲ့ပါတယ်။ မနက် ၈နာရီ လောက်မှာ လျှံတက်ခဲ့တဲ့ ဥရုချောင်း ရေကြောင့် ဖားကန့်မြို့ပေါ်က ရပ်ကွက် ၄ခုနဲ့ ဥရု ချောင်းဝဲယာက ကျေးရွာတွေနဲ့ နေအိမ်တွေ ဆိုင်ခန်းတွေ ရေမြုပ်ပျက်စီးခဲ့ ပါတယ်။

ခုကြီးခဲ့တဲ့ရေဟာ အနှစ် ၃၀အတွင်းအများဆုံးဖြစ်လို့ ပျက်စီးဆုံးရှုံးမှုပမာဏက မခန့်မှန်း နိုင်ဘူးလို့ ဒေသခံတွေက ပြောကြ ပါတယ်။ ရေကြီးခဲ့တဲ့အခြေအနေနဲ့ ရေဘေး ဒုက္ခသည်တွေ လက်ရှိနေနေရတဲ့ အခြေအနေကို ကိုယ်တိုင်ရေမြုပ်တဲ့ ဒေသခံ တဦးပြောပြ တာကတော့ နှစ်၃၀အတွင်းအကြီးဆုံးရေ ဖြစ်တယ်၊ လူအသေအပျောက် ကတော့မရှိဘူး။ အိမ်တွေကတော့ အကုန်နစ်ပြီး၊ ရေနစ်တဲ့သူတွေက ဘုန်းကြီးကျောင်းတို့၊ ကုန်းမြင့်တဲ့ နေရာတွေက အမျိုးတွေဆီမှာ ရှာပြီးတော့ အကူညီ တောင်းပြီး နေရတယ်။ ရေဘေးဒုက္ခသည်တွေ အတွက် ရေမလွှမ်းတဲ့ နေရာတွေက ထမင်းထုပ်တွေ လာပေးတာက လွဲလို့ အာဏာပိုင်ဘက်က ဘာအကူအညီမှ မရကြသေးဘူးလို့ ဘီဘီကို ပြောပါ တယ်။

ဖားကန့်မြို့ပေါ်မှာတော့ တချို့ကတ္တရာလမ်းတွေ ရေမြုပ်နေဆဲဖြစ်ပြီး၊ တချို့နေရာတွေတော့ လမ်းသွားရပေမယ့် အိမ်တွေထဲမှာ တင်နေတဲ့ မြေစာတွေကိုတော့ မနည်းရှင်းရဦးမယ်လို့ ပြောကြပါတယ်။

ခုလိုဖြစ်တာဟာ ရေများလို့ချည်းပဲမဟုတ်ပဲ၊ ကျောက်စိမ်းတွင်းတွေက ထွက်တဲ့ မြေစာ တွေကို ပုံမှန်ရှင်းမပေးလို့ ဖြစ်ရတာလို့ ခုနက ဒေသခံကပဲ ဆက်ပြောပါတယ်။

အခုနောက်ပိုင်း ဖားကန့်ဒေသမှာ နှစ်စဉ်လိုလို ရေလွှမ်းမိုးမှုတွေဖြစ်လာတာဟာ ကျောက်စိမ်း တူးဖေါ်ရေးကုမ္ပဏီ တွေက စက်ယန္တရားတွေ အသုံပြုပြီး၊ တူးဖေါ်ပြီး မဆင်မခြင်လုပ်လာ တာတွေကြောင့် သဘာဝ အနေအထားတွေ မြန်မြန်ဆန်ဆန် ပျက်စီးလာတာ ဖြစ်ပါတယ်။ အစိုးရပိုင်းက စည်ကမ်းလိုက်နာအောင် မဆောင်ရွက် နိုင်သလို ကုမ္ပဏီပိုင်းက လိုက်နာမှု မရှိသလောက် ဘဲလို့ ဒေသခံတွေက ပြောသွားပါတယ်။