စစ္စ​ရံ​လယ်သမား​လွတ်မြောက် လယ်မြေ​အတွက်​ဆက်​လုပ်မယ်

  • 2 ဇူလိုင် 2011

ဇွန်လ ၃၀ ရက် က မင်းဘူးခရိုင် တရားရုံးမှာ အယူခံ အနိုင်ရပြီး ပြင်ဆင်ချက်နဲ့ လွတ်လာတဲ့ ကံမမြို့နယ် စစ္စရံရွာက လယ်သမား ၅ ယောက်ဟာ ဆုံးရှုံးသွားတဲ့ လယ်မြေတွေကို ပြန်ရဖို့ ဥပဒေကြောင်းအရ ဆက်လက် ရင်ဆိုင် သွားမယ်လို့ ဘီဘီစီကို ပါတယ်။

Image caption လယ်တွေ မြေတွေကို သိမ်းချင်သလို သိမ်း လယ်သမားကိုလည်း ဖမ်းချင်သလို ဖမ်း

မကွေးတိုင်း ကံမ္မမြို့နယ် စစ္စရံရွာက လယ်မြေ တွေပေါ်မှာ ဦးပိုင်လီမိတက်က ကော့စတစ် စက်ရုံဆောက်လုပ်ဖို့ဆိုပြီး လျော်ကြေးမပေးဘဲ သိမ်းယူ တာကို တိုင်တန်းလို့ ကုမ္ပဏီ ဝန်ထမ်း ဆိုသူတွေရဲ့ ရိုက်နှက် ဖမ်းဆီးတာ ခံရပြီး ထောင်ချခံရတဲ့ တောင်သူ ၅ ဦးဟာ ဇွန် ၃၀ က အယူခံအနိုင်ရတဲ့အတွက် မနေ့က သရက်ထောင် ကနေ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

လယ်သိမ်းမှုကို ကိုယ်တိုင် ဦးဆောင်ခဲ့လို့ မေ့မျောလောက်အောင် အရိုက်ခံရပြီး ထောင် ၁၀ နှစ် နဲ့ ၇ လ ချမှတ် ခံထား ရာကနေ အယူခံ ပြင်ဆင်ချက်နဲ့ ပြန်လွတ် လာတဲ့ တောင်သူ ဦးသန်းဦးကတော့ သူတို့အနိုင်ရပေမယ့် ဥပဒေကြောင်းအရ အကာအကွယ်မဲ့နေသေးတယ် လို့ ဘီဘီစီကို ပြောပါတယ်။

ရိုက်တဲ့ သူတွေကျတော့ တရားဥပဒေအရ ထိထိရောက်ရောက် အရေးမယူဘဲ သူတို့ကျတော့ အရိုက်လည်း ခံရ၊ ထောင်လည်း ချခံရတယ်။ တရားဥပဒေရဲ့ အကာအကွယ် မရဘူးဘူး။ မြေသိမ်းမှုနဲ့ ပတ်သက်လို့ တရားဥပဒေအရ ပြင်ဆင်မှု တက်ထားတယ်လို့ ဦးသန်းဦးက ပြောပါတယ်။

ထောင်ချခံထားရာကနေ ပြန်လွတ်လာတဲ့ ရွာသားတွေဟာ သူတို့လယ်တွေကို သိမ်းယူခဲ့တဲ့ ဦးပိုင်နဲ့ ထူးကုမ္ပဏီက တာဝန်ရှိသူတွေကို တရားစွဲဆို နေတုန်းမှာပဲ မေလ ၂၁ရက်က ကံမမြို့ကနေ ပြန်အလာ ထူးကုမ္ပဏီနဲ့ ဦးပိုင်ကုမ္ပဏီတို့ရဲ့ တည်ဆောက်ရေး ရုံးနား အရောက်မှာ ရုံးထဲက ထွက်လာတဲ့ လူ၂၀ ကျော်က ဝိုင်းရိုက်နှက် ဖမ်းဆီးတာ ခံခဲ့ရပြီးတော့ ထောင်ဒဏ် နှစ်ရှည်တွေ ချမှတ် ခံခဲ့ရတာ ဖြစ်ပါတယ်။