ကေအန်ယူတပ်တွေနဲ့ အစိုးရတပ် တိုက်ပွဲဖြစ်

  • 2 ဇူလိုင် 2011
Image caption အစိုးရတပ်က တပ်ရင်းမှူး ကျသွားတယ်လို့ ကေအန်ယူဘက်က ပြောပါတယ်

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ခလယ်ဒေး ရွာနားမှာ ကေအန်ယူ တပ်မဟာ ၇ ဗဟို လုံခြုံရေး တပ်ဖွဲ့တွေနဲ့ အစိုးရရဲ့ ခမရ ၅၄၇ တပ်တွေ အကြား ဒီကနေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ ပါတယ်။

တနာရီလောက်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အစိုးရတပ်က တပ်ရင်းမှူး ကျသွားတယ်လို့ ကေအန်ယူ တပ်မဟာ ၇ ရုံးထိုင်မှူးဖြစ်သူ ဗိုလ်မှူး အယ်လ်ဆေးဆေးက ပြောပါတယ်။

အစိုးရတပ်က တပ်ခွဲမှူးတယောက်နဲ့ တပ်ကြပ်ကြီးတယောက်လည်း ဒဏ်ရရာသွားကြောင်း သူက ဆက်ပြောပါတယ်။

သေဆုံးမှုနဲ့ ပတ်သက်ပြီး ဘီဘီစီအနေနဲ့ သီးခြား အတည်ပြုချက်တော့ မရရှိသေးပါဘူး။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေက ကရင်ပြည်နယ် မြိုင်ကြီးငူ ဒေသဘက်မှာ ဒီကေဘီကေ အသွင် ပြန်ပြောင်းလိုက်တဲ့ တပ်တွေနဲ့ နယ်ခြားစောင့် တပ်တွေအကြား အခြေအနေ တင်းမာမှုတွေ ရှိနေခဲ့တာကြောင့် အစိုးရတပ်တွေကို အဲဒီဒေသဘက်တွေမှာ တိုးချလာတာ ဖြစ်ပါတယ်။

အခုလို တပ်တိုးချဖို့ စေလွှတ်လိုက်တဲ့ အစိုးရတပ်တွေကို ကေအန်ယူက ကြားကနေ ဝင်တိုက် ခဲ့တာ ဖြစ်ပါတယ်။