ဒေါ်အောင်ဆန်းစုကြည် ရဲ့ဘုရားဖူး ခရီးစဉ် လုံခြုံရေး

  • 4 ဇူလိုင် 2011
daw_aung_san_suu_kyi ဓာတ်ပုံ မူပိုင် AP
Image caption အညာဘုရားဖူးထွက်ဖို့ ဒေါ်အောင်ဆန်းစုကြည် အသင့်ဖြစ်

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ကနေ သောကြာနေ့ထိ ပုဂံ ညောင်ဦးဘက်ကို သူ့သားငယ် ကိုထိန်လင်းနဲ့ အတူ ပုဂ္ဂိုလ်ရေးဆိုင်ရာ ဘုရားဖူး ခရီးတစ်ခုထွက်ဖို့ ရှိပါတယ်။

နိုင်ငံတကာခေါင်းဆောင်တချို့နဲ့ ပြည်တွင်း ပြည်ပက ဒေါ်အောင်ဆန်း စုကြည်ကို ထောက်ခံသူတွေက သူခရီးထွက်ရင် ၂၀၀၃ တုန်းကလို ဒီပဲယင်းမှာ အကြမ်းဖက်ခံရ သလိုမျိုး ဖြစ်မှာကို စိုးရိမ်နေကြတဲ့ အကြောင်း မကြာခင် ကာလတွေက ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။

ကြံ့ခိုင်ရေးပါတီဘက်ကလည်း ဒီခရီးစဉ်ကို စောင့်ကြည့်နေတာမျိုးတွေ ရှိတယ်လို့ သတင်းကြားရကြောင်း NLD အရာရှိတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

နောက်ပြီး ပုဂံခရီးစဉ်အတွင်း သူ့ကို သွားရောက်ကြိုဆိုတာမျိုးတွေ မလုပ်ဖို့ အာဏာပိုင်တွေက လူတွေကို ကြိုတင်သတိပေးတာတွေ ရှိတယ်လို့ ဒေသခံ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

အခုခရီးစဉ်အတွင်း နိုင်ငံရေးဆိုင်ရာ စည်းရုံးဟောပြောမှုတွေ၊ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်မှာ မဟုတ်ဘူးလို့ NLD ပါတီဘက်က ပြောပါတယ်။