နိုင်ငံရေး အကျဉ်းသား ပြန်လွှတ်ရေး ဖိလစ်ပိုင် ပြောကြား

  • 4 ဇူလိုင် 2011
ဓာတ်ပုံ မူပိုင် albert del rosario
Image caption ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီး Albert Del Rosario

မြန်မာနိုင်ငံမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ နိုင်ငံရေး အကျဉ်းသား နှစ်ထောင် ကျော်ကို ပြန်လွှတ်ပေးဖို့ ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီး Albert Del Rosario က ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် ဒီမိုကရေစီ လမ်းကြောင်းကို သွားနေပါတယ်လို့ အာဆီယမ်ကို ကတိပေးထားတဲ့ မြန်မာအစိုးရရဲ့ လုပ်ဆောင်ချက်တွေက ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ဖမ်းထားရာက ပြန်လွှတ်ပေးရုံနဲ့ မလုံလောက်သေးဘူးလို့ ဆိုပါတယ်။

နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ပြန်လွှတ် ပေးပြီး ဒီမိုကရေစီ လမ်းကြောင်းကို အပြည့်အဝ ဦးတည် လျှောက်လှမ်းသင့်တယ်လို့ ပြောပါတယ်။

ဒီမိုကရေစီ လမ်းပြမြေပုံ အတိုင်း သွားမယ် ဆိုတဲ့ မြန်မာ့အရေးမှာ ကျွန်တော်တို့ကတော့ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆို သွားမှာဘဲလို့ မစ္စတာ ရိုဆေရီက သံတမန်တွေနဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။