ဒေါ်အောင်ဆန်းစုကြည်က အတိုက်အခံ ကိစ္စပြော

  • 5 ဇူလိုင် 2011
DASSK_Reith Lectures
Image caption ဒေါ်အောင်ဆန်းစုကြည်က လွတ်လပ်မှုကို ရယူခြင်း ဆိုတဲ့ခေါင်းဆောင်အောက်မှာ ဟောပြော

ဘီဘီစီ Radio 4 ကနေ ဇူလိုင် ၅ ရက်က ထုတ်လွှင့်ခဲ့တဲ့ 2011 Reith Lectures ဒုတိယပိုင်း အစီအစဉ်မှာ မြန်မာ့ ဒီမို ကရေစီရေး လှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ၂၃ နှစ်တာ ကာလလုံး စစ်တပ်ရဲ့ ဖိနှိပ်မှုအောက်မှာ အန်အယ်လ်ဒီ ပါတီ ဘယ်လို ရပ်တည် နိုင်ခဲ့သလဲဆိုတဲ့ အကြောင်း အပါအဝင် သူ့ရဲ့ နိုင်ငံရေး အယူအဆ တွေကို ဟောပြော ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က သူ နေအိမ်အကျယ်ချုပ်ကနေ ပြန်လွတ်လာပြီးတဲ့နောက် လူမေး အများဆုံးမေးခွန်း ၂ ခုကတော့ အန်အယ်လ်ဒီပါတီဟာ တရားမဝင် အဖွဲ့ အစည်း ဖြစ်သွား ပြီလား ဆိုတဲ့အချက်နဲ့၊ အန်အယ်လ်ဒီရဲ့ အခန်းကဏ္ဍဟာ ဘာလဲဆိုတဲ့မေးခွန်းတွေ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါပေမယ့် အန်အယ်လ်ဒီဟာ တရားမဝင်အဖွဲ့အစည်း အဖြစ်သတ်မှတ်နိုင်တဲ့ ဘယ်ဥပဒေနဲ့မှ မငြိစွန်းတဲ့အတွက် တရားမဝင်အဖွဲ့အစည်း မဟုတ်ပါဘူးလို့ ဒေါ်စုက ပြော ပါတယ်။

ဒုတိယမေးခွန်းကတော့ ပိုပြီးဖြေရခက်တယ်လို့ ဆိုပြီး၊ အန်အယ်လ်ဒီဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရပြီးတဲ့နောက်၊ အာဏာလွှဲ ပေးတာ မခံရဘဲ၊ စစ်တပ်ရဲ့ ဖိနှိပ်မှုအောက်မှာ အတိုက်အခံ ဆိုတဲ့ အနေအထားကို ရောက်လာရပုံ၊ အခုအခြေအနေ မှာတော့ သမားရိုးကျ အတိုက်အခံ ပါတီတွေလို အကာအကွယ်မရတဲ့၊ သမားရိုကျ မဟုတ်တဲ့ အတိုက်အခံ အဖြစ် နဲ့ ရပ်တည်နေပုံကို ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြခဲ့ပါတယ်။

အဲဒီဟောပြောချက်အပြီးမှာ တယ်လီဖုန်းကနေတဆင့် ဘီဘီစီအသံလွှင့်ရုံရဲ့ သီရေတာ ခန်းမထဲက ပရိတ်သတ်တွေ ရဲ့မေးခွန်းတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ဖြေကြား ခဲ့ပါတယ်။

ဘီဘီစီ ရိသ် လက်ချာစ် အစအဆုံး ကြည့်ရှု နားထောင်ချင်ရင် ဒီမှာ Click နှိပ်ပြီး သွားနိုင်ပါတယ်။