ပိတ်ပင်ကုန် တွေ တင်သွင်းခွင့် ရတော့မယ်

  • 5 ဇူလိုင် 2011
thai border trade
Image caption ထိုင်းမြန်မာ နယ်စပ် ဂိတ် တခု ဖြစ်တဲ့ မဲဆောက် မြဝတီ ဂိတ်

ထိုင်းမြန်မာ နယ်စပ် ကုန်သွယ်ရေး လမ်း ကြောင်း ကနေ ထိုင်းနိုင်ငံ က စားသောက် ကုန် တချို့ ကို ကန့်သတ်ကုန် အဖြစ် သတ်မှတ်ပြီး တင်သွင်းခွင့် မပေး ခဲ့ရာ ကနေ အခု အဲဒီ စာရင်း ထဲက စားသောက် ကုန် ၁၅ မျိုး ကို မြန်မာ အစိုးရ က အခွန် ဆောင်စေပြီး တင်သွင်းခွင့် ပေး တော့ မယ် လို့ ကြေညာ သွား ပါတယ်။

အဲဒီ ပစ္စည်းတွေ ကတော့ အချိုမှုန့်၊ အချိုရည်၊ မုန့်မျိုးစုံ၊ အဖျော်ယမကာ၊ ခေါက်ဆွဲ ခြောက်၊ စည်သွတ်ဘူး နဲ့ အသီးအနှံ အစို တွေပဲ ဖြစ် ပါတယ်။

မြန်မာအစိုးရ က ခွင့်ပြုမယ် ဆိုရင် ထိုင်းမြန်မာ နယ်စပ် ကုန်သွယ်ရေး ဟာ ပြန်ပြီး ကောင်းမွန် လာမယ် လို့ တာခ်ခရိုင် ကုန်သည်ကြီးများ အသင်း ဥက္ကဌ ဟောင်း ဖြစ် တဲ့ ကုန်သည်ကြီး နိုင်ဆူ ချတ် တရီရတ် ၀တ္တနာ က ဘီဘီစီ ကို ပြောပါတယ်။

၁၉၉၄ ခုနှစ် ကတည်းက စလို့ မြန်မာအစိုးရ ဟာ၊ အခု ကုန်ပစ္စည်း တွေကို ကန့်သတ် ကုန် အဖြစ် သတ်မှတ်ကာ နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်း ကနေ မြန်မာနိုင်ငံ ထဲကို တင် သွင်း ခွင့် ပိတ်ခဲ့တာပါ။

ဒါပေမဲ့ အဲဒီပစ္စည်းတွေ ယာ မြန်မာ တနိုင်ငံလုံး က ဈေးကွက် တွေမှာ အဝယ်အလိုက် ဆုံး ပစ္စည်းတွေ ဖြစ်နေ ပါတယ်။

ဒါကြောင့် အစိုးရ က အရင် ဘယ်လိုပဲ ပိတ်ပင် တားမြစ် ပေမယ့် စျေးကွက် လိုအပ်ချက် အ ပေါ်မှာ အဲဒီ ကန့်သတ်ကုန်တွေကို ကုန်သည် တွေက မှောင်ခို လမ်းကြောင်း ကနေ သက်ဆိုင် ရာ ဝန်ထမ်း ကို လာဘ်ပေး ကာ တင်သွင်း ခဲ့ကြ ပါတယ်။