မန်စီမြို့နယ်အနီးတိုက်ပွဲဖြစ်

  • 8 ဇူလိုင် 2011
ကချင်လွတ်လပ်ရေး တပ်မတော်မှစစ်သားများ
Image caption ကချင်လွတ်လပ်ရေး တပ်မတော်မှစစ်သားများ

မြန်မာ အစိုးရ စစ်တပ်နဲ့ ကေအိုင်အို ကချင် လွတ်လပ်ရေး အဖွဲ့တို့ ကြားမှာ တရားဝင် အပစ် အခတ် ရပ်စဲရေး ဖြစ်မြောက်အောင် ကြိုးပမ်း မှုတွေ ရှိနေချိန်မှာ ဒီကနေ့ပဲ နှစ်ဘက် တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။

ကချင်ပြည်နယ် မန်စီမြို့နယ် အတွင်း စခန်းကြီး ကျေးရွာ အနီးမှာ ကေအိုင်အေ တပ်မဟာ ၃ တပ်ရင်း ၁၂ လက်အောက်ခံ အစိုးရ တပ်တွေကြား တိုက်ပွဲတွေ ဖြစ်ခဲ့တာပါ။

ဒီကနေ့ ညပိုင်းက ကေအိုင်အေ နယ်မြေ အတွင်းကို မြန်မာ အစိုးရ တပ်ဘက်က နယ်ကျွံ ဝင်ရောက် လာတဲ့ အတွက် ကေအိုင်အေ ဘက်က ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ ကေအိုင်အေက ပြောပါတယ်။

မနေ့ညပိုင်းကလည်း မြစ်ကြီးနား ဗန်းမော် ကားလမ်း ပေါ်မှာ ရှိတဲ့ မိုးမောက်မြို့နယ် ကျခန်းဒပ် ကျေးရွာနားမှာ ထောင်မိုင်း တစ်လုံး ပေါက်ကွဲခဲ့တဲ့ အတွက် အစိုးရ စစ်တပ် ဘက်က စစ်ကား တစ်စီး ပျက်စီး သွားခဲ့တဲ့ အပြင် ဒဏ်ရာ ရသူလည်း အတော် များများ ရှိခဲ့တယ်လို့ သိရပါတယ်။

အခုအချိန်အထိ အပစ်အခတ် ရပ်စဲရေး အတွက် အစိုးရဘက်ကအတိအကျ မညွှန်ကြားထားသေးလို့ KIAဖက်ကလည်း ရှေ့တန်းကိုအပစ်ရပ်ရေး မညွှန်ကြား သေးကြောင်း အစိုးရဘက်က ဇူလိုင်၅ရက်နေ့က KIA ကို လက်နက်ကြီးတွေနဲ့ပစ်တာ ရှိတယ်လို့ အဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် ဦးလာနန်းက ဘီဘီစီကို ပြောသွားပါတယ်။