အက်စ်အက်စ်အေ နယ်မြေ တွင်း တိုက်ပွဲတွေဖြစ်

  • 8 ဇူလိုင် 2011

အက်စ်အက်ပီပီ၊ အက်စ်အက်စ်အေ ထိန်းချုပ် နယ်မြေတွေမှာ မြန်မာ အစိုးရ စစ်တပ်နဲ့ အက်စ်အက်စ်အေ တို့ကြား ရင်ဆိုင် တိုက်ပွဲတွေနဲ့ ချုံခို တိုက်ပွဲတွေ သောကြာနေ့ အထိ ဆက်လက် ဖြစ်ပွား နေတယ်လို့ သိရ ပါတယ်။

ဓာတ်ပုံ မူပိုင် SHAN
Image caption အက်စ်အက်စ်အေ ရှမ်းပြည် တပ်မတော် တပ်သား များ

ကြာသပတေးနေ့ ညနေ ၄ ခွဲ အချိန် တုန်းကလဲ ရှမ်းပြည် မြောက်ပိုင်း ဆောင်ကြဲ အခြေစိုက် ခြေလျင် တပ်ရင်း (ခမရ) ၃၂၅ တပ်သား တွေကို SSA တပ်မဟာ (၁) လက်အောက်ခံ တပ်ဖွဲ့ တစ်ဖွဲ့က ချုံခို တိုက်ခိုက် ခဲ့ရာကနေ မြန်မာ အစိုးရ စစ်တပ်ဘက်က တပ်ကြပ် တစ်ယောက်နဲ့ တပ်သား တစ်ယောက် ပွဲချင်းပြီး သေဆုံး သွားခဲ့ တယ်လို့ အက်စ်အက်စ်အေ ဘက်က ဆိုပါတယ်။

ဒါ့အပြင် မြန်မာအစိုးရ စစ်တပ်ရဲ့ လက်နက် တချို့ကိုလည်း သိမ်းဆည်း ရမိ တယ်လို့ အက်စ်အက်စ်အေ ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးကြီး စိုင်းထူးက ပြောပါတယ်။

ဒီကိစ္စနဲ့ ပါတ်သက်လို့ နောက်ထပ် သီးခြား အတည် ပြုချက်တော့ မရသေး ပါဘူး။