တောင်ပိုင်း ဆူဒန် လွတ်လပ်ရေး ရပြီ

  • 9 ဇူလိုင် 2011
South Sudan
Image caption လွတ်လပ်ရေး ပွဲမှာ တောင်ပိုင်းဆူဒန် သမ္မတ Salva Kiir လည်း တက်ရောက်ခဲ့

သောကြာနေ့ တုန်းက တောင်ပိုင်း ဆူဒန် နိုင်ငံမှာ လွတ်လပ်ရေး ရတဲ့ အထိမ်း အမှတ် အခန်းအနား ကျင်းပ ခဲ့ရာမှာ လူတွေ တိုးဝှေ့ ပါဝင် ဆင်နွှဲ ခဲ့ကြ ပါတယ်။

ဆူဒန် မြောက်ပိုင်းနဲ့ တောင်ပိုင်း ဆယ်စုနှစ်တွေနဲ့ချီ ပဋိပက္ခ ဖြစ်ပွား ခဲ့ပြီးနောက် တောင်ပိုင်း ဆူဒန်ဟာ လွတ်လပ်ရေး ရခဲ့တာ ဖြစ်ပါတယ်။

မြို့တော် ဂျူဘာ့ တဝိုက်မှာ လူတွေက ကခုန်မြူး တူးပြီး လွတ်လပ်ရေးပွဲ ပါဝင် ဆင်နွဲခဲ့ သလို မော်တော်ကားနဲ့ ဆိုင်ကယ် မောင်းသမား တွေကလည်း ဟွန်းသံ ပေးပြီး အောင် မြင်ခြင်း အထိမ်းအမှတ် ပြုခဲ့ကြပါတယ်။

တောင်ပိုင်း ဆူဒန်ဟာ ပြီးခဲ့တဲ့ ခြောက်လ တုန်းက လူထု ဆန္ဒမဲ ခံယူခဲ့ပြီး အကြီးအကျယ် ထောက်ခံမှု ရခဲ့ တာကြောင့် အခုလို လွတ်လပ်ရေး ရလာတာပါ။

တရားဝင် လွတ်လပ်ရေး အခမ်းအနား တွေကိုတော့ စနေနေ့မှာ ကျင်းပကြမှာ ဖြစ်ပြီး အရင်အလံဟောင်း အစား အခု နိုင်ငံသစ် အလံ ကို လွှင့်ထူကြမှာ ဖြစ်ပါတယ်။