ရဟတ်ယာဉ် ပျက်ကျရာမှာ မြန်မာတွေ သေဆုံး

  • 12 ဇူလိုင် 2011
oilrig
Image caption သဘာဝ ဓါတ်ငွေ့ ရေနံတူးစင်

ဇူလိုင်လ ၁၁ ရက်နေ့ မနက် ၁ဝနာရီ ကျော်မှာ မလေးရှားနိုင်ငံပိုင် ပက်ထရို့နာစ့် ရေနံ ကုမ္ပဏီ က ဌားရမ်း အသုံးပြုတဲ့ ရဟတ်ယာဉ် ဟာ၊ ရဲတံခွန် သဘာဝ ဓါတ်ငွေ့ ရေနံတူးစင် မှ အလုပ်သမားတွေ ကို သယ်ယူ ပို့ဆောင်ခိုက် ပင်လယ်ထဲ ပျက်ကျတာကို ပြင်သစ်အခြေစိုက် ရဟတ်ယာဉ် ကုမ္ပဏီ မှ အရာရှိက ဘီဘီစီ ကို အတည်ပြု ပြောကြားပါတယ်။

ရဟတ်ယာဉ်ပေါ်ပါ လူ ၁၁ ဦးအနက် ၃ ဦးသေဆုံးရာမှာ မြန်မာလူမျိုး တွေ ဖြစ်ပြီး၊ ရဟတ်ယာဉ်မှူး ဦးအုန်းသန်း အပါအဝင် ဖြစ်ပါတယ်။ ဦးအုန်းသန်းဟာ မြန်မာ့ လေတပ်မတော်မှ အငြိမ်းစား ဒုတိယ ဗိုလ်မှူးကြီး တဦးဖြစ်ပါတယ်။

ရဟတ်ယာဉ် ပျက်ကျရခြင်း အကြောင်းရင်း ကို သက်ဆိုင်ရာ ဟယ်လီယူနီယံ ကုမ္ပဏီ မှ အရာရှိ ကို မေးကြည့်ရာမှာ တော့ စုံစမ်း စစ်ဆေးဆဲမို့ ထုတ်ပြန်ပြောဆို လို့ မဖြစ်သေးတဲ့ အကြောင်း ဘီဘီစီ ကို ရှင်းပြပါတယ်။