ကာမိုင်းမှာ ဗုံးကွဲလို့ လူ ၂၀ ဒဏ်ရာရ

  • 12 ဇူလိုင် 2011
kachin ဓာတ်ပုံ မူပိုင် KIO
Image caption ကချင်ပြည်နယ် တွင်း တိုက်ပွဲတွေကြောင့် ဒုက္ခသည် တွေ ထွက်ပြေး ကြရ

ကချင်ပြည်နယ် မိုးညှင်းခရိုင် ထဲက ကာမိုင်း မြို့မှာ တနင်္လာနေ့ မနက် က ဗုံး ပေါက်ကွဲမှု ဖြစ်ခဲ့ ပြီး အရပ်သား ၂၀ ဦး ခန့် ဒဏ်ရာ ရသွား ခဲ့ပါတယ်။

ဗုံးပေါက်ကွဲခဲ့တဲ့ နေရာ ဟာ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ အနီးက ကထန်ယန် ကျေးရွာမှာ ဖြစ်ပြီး အစိုးရ စစ်တပ် အထိုင်ချ ထားတဲ့ နေရာ နဲ့ နီးပါတယ်။

နေရာ က လူတွေ အသွားအလာ များ တဲ့ နေရာ ဖြစ်တာကြောင့် ဒဏ်ရာရသူ များပြားခဲ့ပြီး ဒဏ်ရာ ရသူ အားလုံး ဟာ ဒေသခံ ကချင် တိုင်းရင်းသား အရပ်သားတွေ ချည်း ပဲ ဖြစ် ပါတယ်။

ဒီဖောက်ခွဲမှုကို ဘယ်သူ လုပ်ခဲ့တာလဲ ဆိုတာ မသိရသေးဘဲ၊ KIO ကချင် လွတ်မြောက်ရေး အဖွဲ့ ကတော့ သူတို့ လက်ချက် မဟုတ်ဘူးလို့ ငြင်းဆို ထား ပါတယ်။

မြန်မာ အစိုးရ နဲ့ ကေအိုင်အို တို့ကြား အပစ်အခတ် ရပ်စဲမှု ပျက်ပြား သွားခဲ့ပြီးတဲ့နောက် မကြာသေးခင် လတွေ အတွင်း နှစ်ဖက် တိုက်ပွဲ တွေ ဖြစ်တာ ရှိ သလို ကချင် ပြည်နယ် အတွင်း မှာ ဗုံးပေါက် ကွဲမှုတွေ လည်း မကြာခဏ ဖြစ်ပွား ခဲ့ပါတယ်။

အစိုးရတပ်တွေ နဲ့ ကေအိုင်အိုတို့ကြား လက်နက်ကိုင် ပဋိပက္ခ တွေကြောင့် ဒုက္ခသည်တွေ လည်း ထောင်သောင်း ချီပြီး တရုတ်နယ်စပ် ဖက် ကို ထွက်ပြေး ခဲ့ကြ ရပါတယ်။