တရား​မျှတ​ရေး မြန်မာ​အတွက် IBAHRI ဆောင်​ရွက်

  • 14 ဇူလိုင် 2011

နိုင်ငံတကာ ရှေ့နေများအသင်းနဲ့ လူ့အခွင့်အရေးအဖွဲ့ International Bar Association Human Rights Institute (IBAHRI) က မြန်မာနိုင်ငံအတွက် တရားမျှတမှုဖော်ထုတ်ရေးလှုပ်ရှားမှုကို ဇူလိုင်လ ၁၂ ရက်နေ့ကစပြီး ဆောင်ရွက် ခဲ့သလို ကုလသမဂ္ဂစုံစမ်းရေးကော်မရှင်ကိုလည်း ထောက်ခံမယ်လို့ ဆိုပါတယ်။

Image caption မြန်မာပြည်မှာ တရားမျှတမှုတွေပေါ်လာဖို့ သူတို့ဆောင်ရွက်မယ်လို့ IBAHRI ပြော

၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၄၄၅ မှာ အရင် စစ်အစိုးရရဲ့ နှစ် ၂၀ အတွင်း ဆောင်ရွက် ချက်တွေကို တရားစွဲဆိုခွင့် မရှိဘူးဆိုတဲ့ အချက်တချက်ကြောင့် နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ စစ်ဆေးဖို့ လိုအပ်လာတယ်လို့ IBAHRI ရဲ့ ရှေ့နေ Shirley Pouget က ဘီဘီစီကို ပြောပါတယ်။

ပုံမှန်အားဖြင့်ဆိုရင်တော့ နိုင်ငံအတွင်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေး အရေးယူ ရမှာက အစိုးရရဲ့ တာဝန်ဖြစ်တယ်လို့လည်း သူက ထောက်ပြပါတယ်။

နိုင်ငံတကာ ရှေ့နေများအသင်းနဲ့ လူ့အခွင့်အရေးအဖွဲ့ IBAHRI ဟာ နိုင်ငံပေါင်းစုံက ရှေ့နေတွေနဲ့ ရှေ့နေအသင်းအဖွဲ့တွေ ပါဝင် ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပြီး IBAHRI မှာ နိုင်ငံတကာက ရှေ့နေပေါင်း လေးသောင်းကျော်နဲ့ ရှေ့နေအဖွဲ့အစည်း ပေါင်း ၂၀၀ ကျော် ပါဝင်ပါတယ်။