ကချင် KIA နဲ့ ကချင် ဒေသခံဆွေးနွေးပွဲ။

  • 15 ဇူလိုင် 2011
_kachinflag_
Image caption ကချင်ပြည်နယ် အရေးဆွေးနွေး

လတ်တလော ကချင်ပြည်နယ် မှာ ဖြစ်ပွားနေတဲ့ အစိုးရ တပ်တွေနဲ့ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA ကြား တိုက်ခိုက်မှုတွေ ရပ်သွားစေရေး နဲ့ ပတ်သက်တဲ့ လူထုသဘောထား ကြားနာတဲ့ ဆွေးနွေးပွဲကို လိုင်ဇာမြို့ မှာ ၂ ရက်ကြာ ကျင်းပတာ ပြီးစီးသွားပါပြီ။

ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့က စတင်ခဲ့တဲ့ KIO နဲ့ အစိုးရတပ်တွေ ရဲ့ တိုက်ပွဲ အခြေအနေ အရပ်ရပ်ကို သုံးသပ်ပြီး၊ အစည်းအဝေး တက်လာတဲ့ ကချင် ရပ်မိရပ်ဖ လူကြီးတွေ ရဲ့ အကြံဉာဏ် ပါ ရယူခဲ့ကြောင်း KIO က တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးလာနန်း က ဘီဘီစီ ကို ပြောပါတယ်။

KIO ရဲ့ သဘောထားက တနိုင်ငံလုံး အပစ်ရပ်ဆိုင်းကာ၊ နိုင်ငံရေး ပြဿနာ ကို နိုင်ငံရေး နည်းလမ်းဖြစ်တဲ့ တွေ့ဆုံဆွေးနွေးရေး နည်း နဲ့ ဖြေရှင်းလိုတဲ့ အကြောင်း၊ နိုင်ငံသားတိုင်းရဲ့ ရပိုင်ခွင့်တွေ ကို နိုင်ငံသားတွေ အားလုံး ပါဝင်ဆောင်ရွက်ရေး လဲ KIO က ဆန္ဒရှိပုံကို ဘီဘီစီ ကို ရှင်းပြပါတယ်။