မြန်မာဖက်မှာ မှန်လုံကား အဝယ်လိုက် ထိုင်းမှာ ကားခိုးမှုဖြစ်

  • 18 ဇူလိုင် 2011
ဓာတ်ပုံ မူပိုင် UNIAN
Image caption ထိုင်းမှာ ကားခိုးမှု ဆိုးလာနေ

ထိုင်း မြန်မာနယ်စပ်၊ မြန်မာ နိုင်ငံဖက်မှာ ဗင်မှန်လုံကားတွေ အဝယ်လိုက် နေတဲ့အတွက် ထိုင်းနိုင်ငံမှာ ဗင်မှန်လုံ ကားတွေကို၊ ကားခိုး ဂိုဏ်းတွေက၊ ထိုင်းနိုင်ငံ အနှံ့မှာ လိုက်ခိုး နေကြပါတယ်။

ပိုဆိုးတာက၊ တချို့ ကားခိုးဂိုဏ်းတွေက၊ ကားပိုင်ရှင်ကို သတ်ပြီး၊ လုယူတဲ့ အဆင့် အထိ ဖြစ်လာပါတယ်။

ထိုင်းနိုင်ငံရဲ့ နယ်စပ်က ခရိုင်တွေက မှန်လုံကားတွေ ပျောက်ဆုံးမှု အမှု ဖွင့်ထားတာ အစင်း လေးဆယ် ရှိတယ်လို့ တာ့ခ်ခရိုင် ရဲ အရာရှိတွေက ပြောပါတယ်။

အဲဒီအထဲမှာ အဆိုးဆုံးကတော့ ပြီးခဲ့တဲ့ ဇွန်လ ၂ရက်နေ့တုန်း ကားခိုးပြီး လူသတ်ပစ်တဲ့ အမှု ဖြစ်ပါတယ်။

အခုတော့ မှန်လုံ ကားတွေကို ထိုင်းဖက်ကနေ မြန်မာဖက်ကို ပို့တဲ့ ကူးတို့ဆိပ်ကို ရဲက ပိတ်လိုက်ပြီလို့ သိရပါတယ်။

ကျန်တဲ့ ကူးတို့ဆိပ်ကနေ ကားပို့မှုတွေ မရှိရအောင် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ထိုင်းမြန်မာ နိုင်ငံ နယ်စပ် အရာရှိတွေ ပူးပေါင်းပြီး မှုခင်း ကျဆင်းမှုတွေ လုပ်နေကြောင်း တာ့ခ် ခရိုင် အရာရှိက ပြောပါတယ်။