ကျောက်​ပွဲလာသူများပေမဲ့ ရောင်းအားနည်း

  • 17 ဇူလိုင် 2011

ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်ကနေ ၁၃ ရက်နေ့အထိ နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ဇူလိုင် ကျောက်မျက်ပြပွဲမှာ ကျောက်ကုန်သည် အလာများပြီး ပွဲတင် ရောင်းချတဲ့ ရတနာ ပစ္စည်းလည်း များပေမယ့် ကျောက်တန်ဖိုးက လျော့ပါတယ်လို့ ကျောက်ကုန်သည် တဦးက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption ကျောက်ချင်းတူသော်လည်း တန်ဖိုးမတူ

တရုတ်တွေများတယ်၊ မြန်မာတွေလည်း များတယ်၊ ဒါပေမဲ့ ကျောက်ကြည့်ဖို့ အရင်က သုံးရက်လောက်ပေးလို့ သေချာ ကြည့်ရှုလေ့လာ တွက်ချက်ပြီးမှ စျေးတင်လို့ ရတယ်၊ ဒီတခေါက်မှာတော့ တရက်ပဲ အချိန်ပေးလို့ ကသုတ်ကရက် နိုင်တယ်လို့ အဲဒီ ကုန်သည်က ဘီဘီစီကို ပြောပါတယ်။

နောက်ပြီး လူများလွန်းလို့ ကျန်းမာရေး ကိစ္စတွေ ဆောင်ရွက်ရာမှာလည်း စျေးအိမ်သာ တန်းစီသလို ဖြစ်နေတယ်လို့ လူနဲ့ ရေအိမ် မမျှတပုံကို ထောက်ပြပါသေးတယ်။

ပြီးခဲ့တဲ့ မတ်လ ကျောက်ရောင်းပွဲမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၈ ဘီလီယံ ရရှိခဲ့ပြီး အခု ဇူလိုင်ပွဲမှာတော့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံသာ ရခဲ့လို့ ထက်ဝက်လောက် ကျောက်ရောင်းရ တန်ဖိုး ကျသွားတယ်လို့ သိရပါတယ်။