ရှမ်းပြည်တပ်မတော်SSA ဌာနချုပ်ကျဆုံးလုနီး

  • 20 ဇူလိုင် 2011
ssa_north ဓာတ်ပုံ မူပိုင် SHAN
Image caption ရှမ်းပြည်တပ်မတော် SSA တပ်ဖွဲ့

ရှမ်းပြည်တပ်မတော် SSA ရဲ့ ဝမ်ဟိုင်းဌာနချုပ် ကို အစိုးရ တပ်တွေက ထိုးစစ်ဆင်ရာမှာ ရှမ်းတပ်မတော် စခန်းတွေ ကျဆုံးနေပေမယ့် အစိုးရ ဘက်က စစ်သား အကျအဆုံးများတယ်လို့ SSA ဘက်က ဘီဘီစီ ကို ပြောပါတယ်။

ဝမ်ဟိုင်းဌာနချုပ် နဲ့ ငါးမိုင်ကွာရှိ အကွာနန်းကိုင်တုန် အနီးမှာ တိုက်ပွဲ ပြင်းထန် နေတဲ့ အကြောင်း ရှမ်းပြည်တိုးတက်ရေး ပါတီ SSPP ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းလ က ဘီဘီစီ ကို ပြောပြပါတယ်။

ဒီစစ်ဆင်ရေးကို တပတ်အတွင်း အပြီးသတ် ဖို့ အမှတ် ၂ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်မှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွတ် က အမိန့်ပေးထားတယ် လို့ သိရပါတယ်။ ရှမ်းပြည်တပ်မတော် ဘက်ကလဲ ခုခံစစ် ကို နောက်ဆုံး အချိန်အထိ ပြန်တိုက်မယ်လို့ ဆိုပါတယ်။

တိုက်ပွဲ ဖြစ်နေတာ သီတင်းနှစ်ပတ် ကျော်လာပေမယ့် SSA အနေနဲ့ တခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တွေကို တပ်ကူဖို့ တောင်းခံတာ မရှိသေးဘူး လို့ ဗိုလ်မှူးစိုင်းလ က ဘီဘီစီ ကို ပြောပါတယ်။