KIA က အဓိက တံတား တခုကို ဖောက်ခွဲ

  • 22 ဇူလိုင် 2011
ဓာတ်ပုံ မူပိုင် KIO
Image caption KIA နဲ့ မြန်မာ အစိုးရ ကိုယ်စားလှယ် ဆွေးနွေးပွဲ

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ကဇု ရွာနားက ပေ ၁၀၀ ကျယ်တဲ့ ကွန်ကရစ် တံတား တစင်းကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ ညတုန်းက ကေအိုင်အေက မိုင်းခွဲ ဖျက်ဆီးလိုက် တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လိုင်ဇာ၊ မြစ်ကြီးနား လမ်းပေါ်မှာ ရှိတဲ့ ဒီတံတားဟာ အရေးပါပြီး၊ အခုလို ပျက်စီးသွားတဲ့ အတွက် ဗန်းမော် ဖက် လမ်းတခုထဲ ကသာ လိုင်ဇာကို လာလို့ ရနိုင်မှာ ဖြစ်ပါတယ်။

ကေအိုင်အေ အနေနဲ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တည်ရှိရာ မြစ်ကြီးနားမြို့နဲ့ လိုင်ဇာကြားမှာ လမ်းကြောင်း ပြတ်တောက်သွားပြီး အစိုးရ စစ်တပ်ရဲ့ လှုပ်ရှားမှုကို နှောင့်နှေး သွားစေအောင် ရည်ရွယ်ပုံ ရတယ်လို့ တရုတ် မြန်မာ နယ်စပ်မှာ ရှိတဲ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။