ရန်ကုန် မြို့ပတ်ရထား ပုဂ္ဂလိက လွှဲမယ်

  • 22 ဇူလိုင် 2011
Burma train ဓာတ်ပုံ မူပိုင် AP
Image caption သာမန် ပြည်သူ အများ အပြား ဟာ သွားလာ ရေးမှာ ရထား တွေကို အားကို နေရ တာပါ

ရန်ကုန် မြို့ပတ် ရထား လုပ်ငန်းကို ပုဂ္ဂလိက လက်ထဲ လွှဲပြောင်း ပေးမှာမို့ စိတ်ဝင်စား သူတွေ မြန်မာ့ မီးရထားလုပ် ငန်းမှာ လျှောက်ထား နိုင်ကြောင်း အစိုးရထုတ် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။

ပုဂ္ဂလိက ကုမ္ပဏီတွေ အနေနဲ့ ရထားလမ်းကို တိုးချဲ့ဖို့ လွယ်ကူမှာမဟုတ်ဘဲ ရှိပြီးသား ရထားလမ်းမှာဘဲ မီးရထား စက်ခေါင်းတွေ တိုးဖို့၊ ဘူတာရုံတွေ ပြုပြင်ဖို့ ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ မြန်မာ့ဓန မဂ္ဂဇင်း အယ်ဒီတာ ချုပ် ဦးသီဟစောက ပြောပါတယ်။

ရထားတွေ အချိန်မှန်ပြီး စင်းရေ များလာမယ်ဆိုရင် ရန်ကုန်မြို့ ပြင်ပကနေ မြို့ထဲကို နေ့စဉ် အလုပ်ဆင်းကြတဲ့ ထောင်သောင်း ချီတဲ့ ခရီးသည်တွေ အတွက် အကျိုး ရှိနိုင်မှာ ဖြစ်တယ်လို့သူကဆိုပါတယ်။

ရထားကုမ္ပဏီကို အများပိုင် အဖြစ် ပြောင်းလဲပြီး အစိုးရကလည်း ကူညီ ပံ့ပိုးမယ် ဆိုရင် ပိုအဆင်ပြေ အကျိုးရှိ နိုင်လိမ့်မယ်လို့ ဦးသီဟစော က ပြောခဲ့ပါတယ်။