ကေအိုင်အေ နဲ့ အစိုးရ တွေ့ဖို့ရှိ

  • 25 ဇူလိုင် 2011
_kachin_rebels
Image caption ကေအိုင်အေ တပ်ဖွဲ့

ပြီးခဲ့တဲ့ လ ကတည်းက မြန်မာအစိုးရ စစ်တပ်နဲ့ တိုက်ပွဲတွေ ဖြစ်နေတဲ့ ကေအိုင်အေ ကချင်တပ် အရာရှိတွေ နဲ့ ကချင်ပြည်နယ် အစိုးရ အရာရှိတို့ ဟာ မကြာမီ အချိန်ကာလ မှာ ဒုတိယ အကြိမ် ထပ်မံဆွေးနွေးကြဖို့ စီစဉ်နေတယ် လို့ သိရပါတယ်။

ကေအိုင်အို တွဲဘက်အတွင်းရေးမှူး ဦးလာနန်း ကတော့ တွေ့ဆုံမယ့် ရက် ကို တိတိကျကျ မသတ်မှတ်ရ သေးကြောင်း ဘီဘီစီ ကို ပြောပြပါတယ်။

ကေအိုင်အေ အနေနဲ့ အချက်သုံးချက် လိုလားတဲ့ အကြောင်း ရှင်းပြရာမှာ၊ ယာယီ အပစ်အခတ် ရပ်ဆဲရေးကို ညှိနှိုင်းရေး၊ နိုင်ငံရေး အရ တွေ့ဆုံ ဆွေးနွေးရေး နဲ့ ယာယီ အပစ်အခတ် ရပ်ဆဲတဲ့ အခါမှာ သက်သေအထောက်အထား ရှိရေးတို့ ကို အစိုးရ အနေနဲ့ လက်ခံစေလိုကြောင်း ဘီဘီစီ ကို ရှင်းပြပါတယ်။

နှစ်ဦးနှစ်ဘက် အာမခံချက် ရှိဖို့ လိုတယ်ဆိုပေမယ့် အစိုးရ ဘက်က ပြည်နယ်ညှိနှိုင်းရေး အဖွဲ့ ဆိုတာကလဲ နေပြည်တော်က တိုက်ရိုက် ကိုင်တွယ်ညွှန်ကြား နေတာသာ ဖြစ်ကြောင်း ဦးလာနန်း က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၃ဝ ရက်၊ ပထမ အကြိမ် တွေ့ဆုံတုန်းက ကချင်ပြည်နယ် အစိုးရ ဘက်က ကာကွယ်ရေးနဲ့ နယ်စပ်လုံခြုံရေး ဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင်၊ ဦးခက်ထိန်နန် နဲ့ ဦးဆင်ဟွားနော်တို့ တက်ရောက်ခဲ့ ပါတယ်။