နော်ဝေ ရဲတပ်ဖွဲ့ကို တရားရေး ဝန်ကြီး ချီးကျူး

  • 26 ဇူလိုင် 2011
Norway ဓာတ်ပုံ မူပိုင် Reuters
Image caption ပစ်ခတ်မှုကို နော်ဝေ ရဲတပ်ဖွဲ့ရဲ့ တုန့်ပြန်မှု အပေါ် ဝေဖန်သူ တွေလည်း ရှိနေ

နော်ဝေး နိုင်ငံမှာ ပစ်ခတ် သတ်ဖြတ် ခဲ့မှုတွေ အပေါ်၊ ရဲတပ်ဖွဲ့ရဲ့ တုန့်ပြန် ဆောင်ရွက် ခဲ့မှုနဲ့ ပတ်သက်ပြီး တရားရေးဝန် ကြီး ခနု စတို့ ဘဲဂါ က ချီးကျူး စကား ပြောကြား လိုက်ပါတယ်။

အူတဲရာ ကျွန်းမှာ ဒရမ်းကြမ်း ပစ်ခတ် ခဲ့မှု အပေါ် ရဲတပ်ဖွဲ့ရဲ့ တုန့်ပြန် ဆောင်ရွက် မှုဟာ နှေးကွေး လွန်းခဲ့ တယ်လို့ သတင်း မီဒီယာ တွေက ပစ်တင် ဝေဖန်မှုတွေ ရှိပေမယ့် ရဲတပ်ဖွဲ့ အနေနဲ့ လုပ်ငန်း ဆောင်တာ တွေကို ကျကျနန လုပ်ဆောင် ခဲ့နိုင် တယ်လို့ မစ္စတာ စတို့ ဘဲဂါ က ပြောပါတယ်။

အခု အချိန်မှာတော့ ရဲတပ်ဖွဲ့ တွေဟာ အဲဒီ ကျွန်းမှာ ပစ်ခတ် မှုကြောင့် ပျောက်ဆုံး နေသူ တွေနဲ့ ဆက်လက် ရှာဖွေနေဆဲ ဖြစ်ပြီး မြိုတော် အော်စလို က ဗုံးကွဲမှု ဖြစ်ခဲ့တဲ့ နေရာမှာ ရှာဖွေ မှုတွေ ဆက်လုပ် နေပါတယ်။

အစောပိုင်း တုန်းကတော့ ပစ်ခတ်မှု တွေကို ကျူးလွန်ခဲ့သူ အန်ဒါးစ် ဘဲရင်း ဘရီဗစ် ကို လူသား မျိုးနွယ် အပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှု crimes against humanity နဲ့ စွဲချက် တင်ဖို့ စဉ်စားခဲ့ သေးတယ်လို့ ရဲက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption မစ္စတာ ဘရီဘစ်ရဲ့ ရှေ့နေက သူ့အမှုသည် ရဲ့ အမြင် အယူအဆ တွေကို ပြန်ပြောပြခဲ့

လူတွေကို အစုလိုက် အပြုံလိုက် ပစ်သတ် ခဲ့တဲ့ တရားခံ မစ္စတာ ဘရီဗစ်ခ်က အခုလို လုပ်ဆောင် ခဲ့မှုတွေ အတွက် ဝမ်းနည်းကြောင်း ဒါပေမယ့်လို့ အနောက် ကမ္ဘာခြမ်းမှာ တော်လှန်ရေး တရပ် စတင် ဆင်နွှဲဖို့ အတွက် လိုအပ်လို့ လုပ်ခဲ့ ရတာ ဖြစ်ကြောင်း ပြောပြ တယ်လို့ သူ့ရဲ့ ရှေ့နေက ပြောပါတယ်။

မစ္စတာ ဘရီဗစ်ရဲ့ အတွေးထဲမှာ သူဟာ စစ်ပွဲတခုထဲမှာ ပါဝင်နေတယ်လို့ ယုံကြည်နေကြောင်း သူ့ရှေ့နေက ဆိုပါတယ်။

အထူးသဖြင့် အနောက် ကမ္ဘာဟာ သူ့ရဲ့ အမြင် သဘောထား တွေကို နားလည်မှာ မဟုတ် ဘူး၊ နောက် အနှစ် ၆၀ ကြာ လာရင်တော့ အားလုံးက သူ့ကို နားလည် လာလိမ့်မယ်လို့ ဆိုကြောင်း ရှေ့နေက ပြန်ပြောပြပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး တရားခံ ပြောတာတွေ အားလုံးဟာ အရူး တယောက် လို ဖြစ်နေတယ်လို့ လည်း ရှေ့နေက ဆိုပါတယ်။

ဒါပေမယ့်လို့ သူလုပ်ခဲ့ တာတွေဟာ အလွန် မိုက်မဲတဲ့ လုပ်ရပ်တွေ ဖြစ်တယ် ဆိုတာကို သူ့အနေနဲ့ ဝန်ခံမလား ဆိုတာကတော့ ပြောဖို့ အချိန် စောလွန်း သေးတယ်လို့ သူက ပြောပါတယ်။

သူဟာ ကွန်ယက် တခုရဲ့ တစိတ် တပိုင်း အနေနဲ့ အခုလို တိုက်ခိုက် ခဲ့တာ ဖြစ်ပြီး၊ ဒီကွန်ယက်မှာ နော်ဝေးက အဖွဲ့ဝင် ဆဲလ် ၂ ဦး ပါပြီး၊ တခြား တိုင်းပြည် တွေက လည်း အတော် များများ ပါတယ်လို့ မစ္စတာ ဘရီဗစ်ခ်က ပြောပါတယ်။

သောကြာနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှု ၂ ခုအတွင်း လူ ၇၆ ဦးသေဆုံးသွားခဲ့ပါတယ်။