ငြိမ်းချမ်းရေးဆွေးနွေးဖို့ SSA မြောက်ပိုင်းကို ကမ်းလှမ်း

  • 26 ဇူလိုင် 2011
ဓာတ်ပုံ မူပိုင် Shan Herald
Image caption ဝမ်ဟိုင်း ဌာနချုပ်နားမှာ တိုက်ပွဲမဖြစ်တာ တပတ် လောက်ရှိသွားပြီ ဖြစ်ပါတယ်

အက်စ်အက်စ်အေ မြောက်ပိုင်း ရှမ်းပြည် တပ်မတော်နဲ့ ငြိမ်းချမ်းရေးလုပ်ဖို့ မြန်မာ အစိုးရစစ်တပ်က ဝမ်ဟိုင်း ဌာနချုပ်ကို ကမ်းလှမ်းလာတယ်လို့ သိရပါတယ်။

မနေ့တုန်းက အစိုးရတပ်ဘက်ကနေ သံဃာတော် ၂ ပါးလွှတ်ခဲ့ပြီး၊ ဝမ်ဟိုင်းအဖွဲ့ အနေနဲ့ ငြိမ်းချမ်းရေး လိုလားမှု ရှိမရှိ မေးမြန်းလာတယ်လို့ အက်စ်အက်စ်အေ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူး စိုင်းလက ပြောပါတယ်။

ဒီအတွက် ကျွန်တော်တို့ဘက်က ငြိမ်းချမ်းရေးကို အမြဲတမ်း ကြိုဆိုကြောင်း အကြောင်းပြန် ကြားလိုက်တယ်လို့ ဗိုလ်မှူးစိုင်းလက ဆက်ပြောပါတယ်။

အက်စ်အက်စ်အေ မြောက်ပိုင်းရဲ့ ဝမ်ဟိုင်း ဌာနချုပ်နားမှာ မြန်စစ်တပ်က တပ်စွဲထား ပေမယ့်၊ တိုက်ပွဲမဖြစ်တာ တပတ်လောက်ရှိသွားပြီး ဖြစ်ပါတယ်။

တချိန်ထဲမှာပဲ အစိုးရဘက်က ဝမ်းဟိုင်းမှာ ကျောင်းပြန်ဖွင့်ဖို့ အကြောင်းကြားလာတယ် လို့လည်း ဗိုလ်မှူး စိုင်းလက ပြောပါတယ်။

ကျောင်းတွေပြန်ဖွင့်ဖို့ရာ ဝမ်ဟိုင်းဌာနချုပ် အနီးက အစိုးတပ်တွေ ရုပ်ပေးဖို့လိုကြောင်း၊ အစိုးရတပ်တွေ မရုပ်သိမ်းသ၍ ကျောင်းဖွင့်ဖို့ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

အခုလို အက်စ်အက်စအေ အဖွဲ့ရဲ့ တုန့်ပြန်အကြောင်းကြားမှုကို အစိုးရတပ်ဖွဲ့တွေက ဘယ်လို တုန့်ပြန်လာမလဲဆိုတာကို ဆက်လက် စောင်ဆိုင်းနေတုန်းဘဲလို့ ဗိုလ်မှူးစိုင်းလက ပြောပါတယ်။