sssss

  • 28 ဇူလိုင် 2011
Image caption xxxxxxxxxxxxxxx

လိုအပ်သလို အသုံးပြုနိုင်ဖို ့၊ ကေအိုင်အေနဲ ့အစိုးရစစ်တပ်အကြားက စစ်ရေးဆိုင်ရာသတင်းတွေ-)တပ်ပြောင်း တပ်ရွှေ ့-တပ်ဖြည့် - မိုင်းထိ သတင်းတချို ့၊-------------------------------------အပ်အခတ်ရပ်စဲရေး တရားဝင်သဘောတူညီချက် မရရှိသေးတဲ့အတွက်၊ ကေအိုင်နဲ ့အစိုးရစစ်တပ်အကြား-အပြန်အလှန်စစ်ရေးလှုပ်ရှားမှုနဲ ့ အပြန်အလှန်သတိထားနေကြမှုတွေ ရှိနေကြရာမှာ၊ ဒေသတွင်းမငြိမ်မသက်ဖြစ်မှုတွေကတော့ အဆက်မပြတ်လိုလို ဆက်လက်ဖြစ်ပေါ်နေပါတယ်။မနေ့ည ဗုဒြွဟူးနေ ့ည (၈)နာရီ မိနစ် (၂ဝ)လောက်က ရွှေကူမြို ့နယ်အတွင်းရှိ ကေအိုင်အေတပ်မဟာ(၂) တပ်ရင်း (၅)နယ်မြေအတွင်းမှာ မိုင်းထိပေါက်ကွဲမှုတခုဖြစ်ပွားခဲ့ရာ။ အစိုးရစစ်တပ် ခလရ (၁၄၂)မှ အနည်းဆုံးတပ်ဖွဲ ့ဝင်တဦး ထိခိုက်ဒဏ်ရာရသွားခဲ့တယ် ဆိုပါတယ်။ဖြစ်ပုံကတော့- ခလရ (၁၄၂)မှ တပ်ဖွဲ ့ဝင်တချို ့ဟာ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလကတည်းက လမ်းလုပ်ရန်အကြောင်းပြချက်နဲ ့ ကေအိုင်အေတပ်ရင်း(၅)နယ်မြေအတွင်း၊ ကေအိုင်အေထံမှ ခွင့်ပြုချက်တောင်းခံပြီး ရောက်ရှိနေခဲ့ရာမှာ၊ လမ်းကတော့ ဘာတခုမှ လုပ်တာမတွေ ့ရပဲ၊ တပ်စွဲနေရာယူထားသလိုဖြစ်နေခဲ့တယ်ဆိုပါတယ်။ ကေအိုင်အေ ရင်း(၅)ဖက်ကလဲ အဲဒီအစိုးရတပ်ဖွဲ ့ဝင်တွေကို ဝိုင်းပတ်စောင့်ကြည့်နေခဲ့ရာမှာ၊မနေ့ကတော့ ခလရ (၁၄၂)တပ်ဖွဲ ့ဝင်များနဲ ့ ခလရ (၁၄၁)တို ့ကို တပ်ပြောင်းတပ်လွှဲအလုပ်မှာ- ကေအိုင်အေဖက်က ချထားတဲ့မိုင်းကို နင်းမိပြီး ထိခိုက်ဒဏ်ရာရမှုဖြစ်ပွားခဲ့တာလို ့သိရပါတယ်။ ကေအိုင်အေရှေ ့တန်းစစ်ဖက်ရပ်ကွက်များအဆိုအရ အဲဒီတပ်ရင်း(၅)နယ်မြေအနီးဆီကို အစိုးရတပ် ခမရ (၃ဝ၉)မှ တပ်ဖွဲ ့ဝင်တချို ့ကိုလဲ မနေ့ကပဲ ထပ်မံပို ့လွှတ်တပ်ဖြည့်တာမျိုး-မပခဖက်ကနေ လုပ်ဆောင်ခဲ့တာရှိတဲ့အတွက်ကေအိုင်အေဖက်က အသင့်အနေအထားနဲ ့စောင့်ကြည့်နေပြီး၊ အချိန်မရွေး ထိပ်တိုက်တိုးမှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို ့ ဆိုပါတယ်။ဗန်းမော်နဲ ့နမ့်ခမ်းအကြားက၊ ကချင်ပြည်နယ် မန်စီမြို ့နယ်အတွင်းရှိ ‘မန်ဝင်းကြီး’ ရွာမှာတော့။ အရင်က-အစိုးရစစ်တပ်မှ တပ်ဖွဲ ့ဝင်တချို ့ အမြဲလိုလို နေရာယူထားတာရှိခဲ့ပြီး၊ အစိုးရရဲစခန်းနဲ ့ရဲတပ်ဖွဲ ့ဝင်တွေလဲ ရှိခဲ့ပေမဲ့၊ အခုအခါ ရဲစခန်းမှာ ရဲတွေမရှိတော့တာ (၂)ရက်လောက်ရှိနေပြီဖြစ်သလို၊ စစ်တပ်လဲ အလားတူ ချထားတာမရှိတော့တဲ့အတွက်၊ ကေအိုင်အေဖက်က တပ်မဟာ(၃)လက်အောက်ခံတပ်ဖွဲ ့ဝင် (၅ဝ)လောက်ဟာ မနေ ့မနက် (၈)နာရီခန့်မှ ညနေ(၆)နာရီခန် ့အထိ မန်ဝင်းကြီးရွာမှာ ဝင်ရောက်အထိုင်ချသွားခဲ့တာ ရှိကြောင်းလဲသိရပါတယ်။ မန်ဝင်းကြီးနဲ ့ တရုတ်နိုင်ငံဖက်ခြမ်း ‘နုံတောင်း’ အကြား-ဆက်သွယ်ထားတဲ့ လမ်းပေါ်မှာ မြန်မာအစိုးရဖက်မှ ‘လဝက’ရုံးတရုံးရှိရာမှာ- လဝကဝန်ထမ်းတွေလဲ နေ ့ခင်းပိုင်းသာ အဖွင့်ပြ ရောင်ပြနေကြပြီး၊ ညပိုင်းမှာတော့ တရုတ်ဖက်ခြမ်းက ‘နုံတောင်း’ကိုသွားရောက်အိပ်ကြကြောင်း-စိုးရိမ်ထိန့်လန် ့ရှိနေကြကြောင်း ကေအိုင်အေဖက်က ဆိုပါတယ်။( မျိုးသစ် )၂၈-၇-၁၁မှတ်ချက် လိုအပ်သလို သုံးလိုက သုံးနိုင်ဖို ့ဖြစ်ပါတယ်။