SSA မြောက်ပိုင်းမှာ တိုက်ပွဲတွေ ထပ်မံဖြစ်ပွား

  • 28 ဇူလိုင် 2011
ဓာတ်ပုံ မူပိုင် Shan Herald
Image caption အက်စ်အက်စ်အေက မြန်မာစစ်တပ်ကို ခြုံခို တိုက်ခိုက်ခဲ့ တယ်လို့ဆိုပါတယ်

အက်စ်အက်စ်အေ မြောက်ပိုင်း ရှမ်းပြည် တပ်မတော်ကို ငြိမ်းချမ်းရေးလုပ်ဖို့ ပြီးခဲ့တဲ့ တနင်္လာနေ့က အစိုးရဘက်ကနေ ဆက်သွယ် ခဲ့ပြီး နောက်ပိုင်း မနေ့ကတော့ တိုက်ပွဲတွေ ထပ်မံဖြစ် ပွားခဲ့ပါတယ်။

ရှမ်းပြည်တောင်ပိုင်းနဲ့ မြောက်ပိုင်းအစပ် သီပေါမြို့နယ်အတွင်းက ဗုံလန်းရွာထဲကို အစိုးရရဲ့ ခလရ ၃၂၅ လှုပ်ရှား စစ်ကြောင်း က ဝင်လာပြီး၊ ရွာထဲက ထော်လာဂျီကား ၅ စီးကို ယူကာ မြောက်ပိုင်းကို ထွက်သွားတာကြောင့် တပ်တွေ ထွက်တဲ့အချိန်မှာ စောင့်တိုက်ခဲ့တာ လို့ အက်စ်အက်စ်အေ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလက ပြောပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းက မြန်မာ စစ်တပ်ကနေ အက်စ်အက်စ်အေ မြောက်ပိုင်းကို ဘုန်းကြီး ၂ ပါး စေလွှတ်ပြီး၊ ငြိမ်းချမ်းရေး လုပ်ဆောင်မလားဆိုပြီး ကမ်းလှမ်းခဲ့တဲ့ နောက်ပိုင်း၊ နောက်ထပ် ဆက်သွယ်လာတာ မရှိသေးဘူးလို့လည်း ဗိုလ်မှူး စိုင်းလက ဆိုပါတယ်။

အစိုးရတပ်တွေကို သူတို့အနေနဲ့ လိုက်လံတိုက်ခိုက်နေတာမျိုး မဟုတ်ဘဲ အစိုးရတပ်တွေရဲ့ လှုပ်ရှားနေတာတွေကို ခြုံခိုတိုက်သာတာ ဖြစ်ကြောင်း သူကပြောပါတယ်။

အက်စ်အက်စ်အေက တောင်းဆိုထားတဲ့အတိုင်း ဝမ်းဟိုင်းဌာနချုပ်နားက အစိုးရတပ်တွေ ရုပ်သိမ်းမှသာလျှင် တိုက်ခိုက်မှုတွေ အဆုံးသတ်မှာ ဖြစ်တယ်လို့လည်း ဗိုလ်မှူးစိုင်းလက ပြောပါတယ်။