ကျောက်မဲမြို့ ပစ်ခတ်မှု အရပ်သားတွေ ထိခိုက်သေဆုံး

  • 29 ဇူလိုင် 2011
Image caption မြို့အဝင် စျေးဆိုင်တန်းတွေနဲ့ အငှား ဆိုင်ကယ် တွေရှိတဲ့ နေရာကို ဝင်ပစ်ခဲ့

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့အဝင် မှာ အမည်မသိ လက်နက်ကိုင်တစုကနေ ဒီကနေ့မနက် ငါးနာရီလောက်မှာ သေနတ် နဲ့ ပစ်ခတ်လို့ လူ ၃ ဦး သေပြီး ၄ ဦး ဒဏ်ရာ ရရှိသွားပါတယ်။

မနက် ဝေလီဝေလင်း အချိန်မှာ မြို့အဝင် စျေးဆိုင်တန်းတွေနဲ့ အငှားဆိုင်ကယ်တွေရှိတဲ့ နေရာကို ဘာအကြောင်းမှ မရှိဘဲ အသားလွတ် ဝင်ပစ်သွားတာ ဖြစ်တယ်လို့ ဒေသခံတဦးက ဘီဘီစီကို ပြောပြပါတယ်။

ဒဏ်ရာရသူတွေဟာ စျေးသည်တွေနဲ့ ဆိုင်ကယ်သမားတွေ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ ၁၂ ရက်နေ့ကလည်း လက်ပစ်ဗုံးနဲ့ ပစ်လို့ အရပ်သား ၄ ဦး ဒဏ်ရာ ရရှိသွားခဲ့ ပါတယ်။

ဘယ်သူတွေက ဘာကြောင့် အခုလို လာရောက်ပစ်ခတ် နေတယ်ဆိုတာကို အာဏာပိုင်တွေ ဘက်ကလည်း ရှင်းရှင်းလင်းလင်း ပြောကြားခြင်းမရှိဘူးလို့ ဒေသခံတွေက ပြောနေကြ ပါတယ်။