၈၈မျိုးဆက်ကျောင်းသားတွေအတွက် စာတင်မယ်

  • 31 ဇူလိုင် 2011
Image caption ၈၈ မျိုးဆက်ကျောင်းသားတွေဟာ ထောင်ဒဏ် နှစ် ၆၀ ကျော် ကျခံနေရတာ ဖြစ်ပါတယ်

နိုင်ငံရေးလှုပ်ရှားဆောင်ရွက်ခဲ့တဲ့အတွက် ထောင်ဒဏ် နှစ် ၆၀ ကျော် အသီးသီးကျခံ နေရတဲ့ ကိုမင်းကိုနိုင် အပါအဝင် ၈၈ မျိုးဆက် ကျောင်းသား ၉ ယောက်ရဲ့ အမှု ကို ပြန်လည်ဆန်းစစ် ပေးရေး နေပြည် တော ကို စာတင်ဖို့အတွက် သူတို့ရဲ့ မိသားစု တွေက ရှေ့နေနဲ့ တိုင်ပင်နေတယ် လို့ သိရပါ တယ်။

အခု စာတင်မယ့် ကိစ္စကို ရှေ့နေဦးအောင်သိန်းနဲ့ ဆွေးနွေးခဲ့တာ ဖြစ်ကြောင်း၊ အမှုကို ပြန်ဆန်း စစ်ပေးရေးအတွက် တင်ပြနိုင်မယ့် အချက် အလက်တွေ ရှိနေကြောင်းကို ၈၈ မျိုးဆက် ကျောင်းသူ တဦးက ဘီဘီစီကို ရှင်းပြ ပါတယ်။

အရင်အစိုးရက စစ်ဆေးခဲ့တာတွေကို ပြန်လည် သုံးသပ်ပေးဖို့ ဖြစ်ပြီး၊ ၆၅ နှစ်ကျော် ကျခံ နေရတဲ့ ၈၈ ကျောင်းသား ၉ ယောက်ရဲ့ အမှုကို စတင်မှာ ဖြစ်တယ်လို့လည်း သူက ဆက် ပြောပြပါတယ်။

အခု လိုတင်ပြမယ့် ကိစ္စကို အင်းစိန်ဖေါ့ကန်မှာရှိတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုရဲမြတ်ဟိန်းအိမ်မှာ နိုင်ငံရေးအကျဉ်းသား မိသားစုတွေ တွေ့ဆုံ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။