ဧရာဝတီ မြစ်ဆုံ ရေကာတာ သက်ရောက်မှု

  • 3 ဩဂုတ် 2011
_irrawaddy_river ဓာတ်ပုံ မူပိုင် bbc
Image caption ဧရာဝတီ မြစ်ကမ်းဆိပ်

တရုတ် အစိုးရပိုင် ကုမ္ပဏီ တွေ တည်ဆောက်နေတဲ့ မေခ မလိခ ဧရာဝတီ မြစ်ဆုံ ရေကာတာ ဆည် စီမံကိန်းကြီး ပြီးသွားခဲ့ရင် ဧရာဝတီမြစ်ကြီး ရဲ့ အနာဂတ် ဟာ မတွေးဝံ့စရာ သက်ရောက်မှုတွေ ဖြစ်ပေါ်နိုင်ကြောင်း ပြည်တွင်း ပြည်ပ သတင်းမီဒီယာ တွေမှာ ဖေါ်ပြနေသလို အမေရိကန်မှ မြန်မာ့အရေး လှုပ်ရှားမှု အဖွဲ့ရဲ့ အမှုဆောင် ဒါရိုက်တာ ဦးအောင်ဒင် ကလဲ ဒုတိယမြောက် ဆောင်းပါးမှာ ဧရာဝတီမြစ် ကာကွယ်ရေးဟာ အမျိုးသားရေး လှုပ်ရှားမှု လို့ ဆိုထားပါတယ်။

အကြောင်းကတော့ မြစ်ဆုံဆည်ကြီး က ရေလွှတ်ပေးမှသာ ဧရာဝတီ မြစ်ရေ စီးဆင်းနိုင်မှာ ဖြစ်လို့ မြစ်ရေ အရင်ခြောက်ခန်းပြီးမှ မသန့်ရှင်းတဲ့ ရေတွေ ထုတ်လွှတ် တာနဲ့ ရင်ဆိုင်ရပြီး မြစ်တကြော ရှိ လူသူ တိရိစ္ဆာန်တွေ ရောဂါဘယ ဖြစ်ပွားကြမဲ့ အကြောင်း ဦးအောင်းဒင် က ဘီဘီစီ ကို ပြောပြပါတယ်။

၂ဝ၁၁ ခု မေလ တုန်းက နေပြည်တော် မှာ ကျင်းပတဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး နဲ့ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး အလုပ်ရုံဆွေးနွေးပွဲ မှာ အစိုးရရဲ့ စီးပွားရေး အကြံပေး အဖွဲ့ ခေါင်းဆောင် ဒေါက်တာဦးမြင့် က ဆင်းရဲမှု လျှော့ချရေးမှာ လယ်ယာကဏ္ဍ တိုးမြှင့်မှုဟာ အဓိက အကြောင်း အကြံပြုထားပါတယ်။

ဒါပေမဲ့ ဧရာဝတီမြစ်ရေ တိမ်ကောရင်၊ မြစ်ရေ မသန့်တော့ရင်၊ မြစ်သေဘဝ ရောက်စရာ ရှိပုံကို ဒေါက်တာ ဦးမြင့်က တလုံး တပါဒ ပြောမထားတဲ့ အတွက်၊ အံ့သြ မိကြောင်း ဦးအောင်ဒင် က ပြောပြပါတယ်။