ဆွီဒင် အလုပ်သမားသမဂ္ဂ မြန်မာ့အရေးထောက်ခံ

  • 4 ဩဂုတ် 2011
_karenni_refugee_ ဓာတ်ပုံ မူပိုင် BBC Burmese
Image caption မြန်မာနိုင်ငံမှ ဒုက္ခသည်များ

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖေါက်မှု၊ စစ်ရာဇဝတ်မှု ကျူးလွန်မှု စတာတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင် ဖွဲ့ပြီး အရေးယူရေး ကို နိုင်ငံအများအပြား နဲ့ အလုပ်သမား သမဂ္ဂ တွေ က ထောက်ခံ နေကြတဲ့ အထဲမှာ ဆွီဒင်နိုင်ငံ အလုပ်သမား သမဂ္ဂ ပါဝင်လာပါပြီ။

မကြာခင်ကျင်းပ မယ့် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာ အစိုးရ ကို အရေးယူရေး ထောက်ခံတဲ့ အဖွဲ့ဝင်နိုင်ငံတွေ တိုးပွားလာရေး လှုံ့ဆော်ခဲ့ ကြရာမှာ ဉရောပ သမဂ္ဂ ၂၇ နိုင်ငံထဲက ၁၂ နိုင်ငံ၊ နိုင်ငံကြီးတွေ ဖြစ်တဲ့ အမေရိကန်၊ ဗြိတိန်၊ သြစတြေလျ၊ နယူးဇီလန်၊ ပြင်သစ်တို့ ပါလာပေမဲ့၊ အီတလီ၊ ဂျာမဏီ နဲ့ သြစတြီးယား တို့ မပါကြောင်း၊ ဒီနိုင်ငံတွေ ကို ဖိအားပေးဖို့ လိုကြောင်း Burma Campaign UK မှ Mark Farmaner က ဘီဘီစီကို ပြောပါတယ်။

ဆွီဒင် အစိုးရ ကတော့ နောက်ကွယ်မှ မြန်မာ့ လူ့အခွင့်အရေး ကိစ္စ ကို လုပ်ကိုင်ပေမယ့်၊ အစဉ်အလာ အရ အရှေ့ဆုံးက ပါဝင်လေ့ မရှိကြောင်း သိရပါတယ်။ ဉရောပ သမဂ္ဂ တခုလုံး Commission of Inquiry ပေါ်ပေါက်ရေး ထောက်ခံရေး ကို ပြုလုပ်ပေးမယ်ဆိုရင် အားတက်စရာ ဖြစ်လာနိုင်ပုံ ကို Mark Farmaner က ပြောပြပါတယ်။