အမေရိကန်ရဲ့ မြန်မာအထူးကိုယ်စားလှယ် အတည်ပြု

  • 4 ဩဂုတ် 2011
Derek Mitchell ဓာတ်ပုံ မူပိုင် state dept
Image caption အထူးသံ မစ္စတာ ဒဲရစ် မစ်ချဲ

အမေရိကန် နိုင်ငံရဲ့ မြန်မာ နိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ် အဖြစ် မစ္စတာ ဒဲရစ် မစ်ချဲကို အမေရိကန် ဆီးနိတ် လွှတ်တော်က အတည်ပြု လိုက်ပါတယ်။

မစ္စတာ မစ်ချဲဟာ စစ်ဗိုလ်နဲ့ ဗိုလ်ချုပ်ဟောင်း တွေ ကြီးစိုးတဲ့ မြန်မာ အစိုးရနဲ့ တိုက်ရိုက်ထိ တွေ့ ဆက်ဆံဖို့နဲ့ မြန်မာပြည် ဒီမိုကရေစီအသွင် ကူးပြောင်းရေးမှာ အားပေး ဆောင်ရွက်ဖို့ရှိ ပါတယ်။

မစ္စတာ မစ်ချဲရဲ့ အရင်တာဝန်ကတော့ အမေရိကန် အစိုးရရဲ့ အာရှပစိတ်ဖိတ်ရေးရာ လုံခြုံရေးနဲ့ဆိုင်တဲ့ အကြီးတန်း အရာရှိတစ်ဦးဖြစ်ပါတယ်။

မြန်မာနိုင်ငံကို ပိတ်ဆို့ အရေးယူမှုတွေ လုပ်ထားတဲ့ အမေရိကန်နိုင်ငံက မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့နဲ့ ဒေါ်အောင်ဆန်း စုကြည် အပါအဝင် အတိုက် အခံတွေနဲ့ အစိုးရတို့ တွေ့ဆုံ ဆွေးနွေးရေးကို လိုလားကြောင်း ထုတ်ဖော် ပြောဆိုထား ပါတယ်။