သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

တတိယက္ခရာ ၊ စတုတ္ထက္ခရာ

  • 5 ဩဂုတ် 2011
ဓာတ်ပုံ မူပိုင် mth

ဗမာစကားမှာ ကော်တဲ့ ပစ္စည်းကို ဂေါ်၊ ကျင်တဲ့ လည်တဲ့ ပစ္စည်းကို ဂျင်၊ ခေါင်မှာရှိတာကို ဂေါင်၊ စွဲတဲ့ စိတ်ထားကို ဇွဲ၊ ထောက်တဲ့ ပစ္စည်းကို ဒေါက် ဆိုပြီး ကြိယာကို အသံပြောင်းလဲ သုံးစွဲခြင်းအားဖြင့် နာမ် အဖြစ်သုံးစွဲတဲ့ ထုံးစံရှိပါတယ်။

ခေါင်းခေါက် ရွေးတယ်ဆိုတဲ့ အသုံးဟာ ဂေါင်ကောက် ရွေးတယ်ဆိုတဲ့ အသုံးကနေ မှားယွင်း ရွေ့လျား လာတာ ဖြစ်နိုင်ကြောင်း ၊ ဂနဲ့ ဃ၊ န နဲ့ ဏ ကွဲပြားရမယ်လို့ ယူဆပြီး ဂဃနဏ လို့ ရေးတာဟာ မှားယွင်းကြောင်းတွေကို အီလီနွိုင်း တက္ကသိုလ်က အငြိမ်းစား မြန်မာစာ ပါမောက္ခ ဦးစောထွန်းနဲ့ ဆွေးနွေးထား ပါတယ်။