ပန်းချီ မောင်မောင်သိုက် ကွယ်လွန်

  • 5 ဩဂုတ် 2011
မောင်မောင်သိုက် ဓာတ်ပုံ မူပိုင် irrawaddy
Image caption ပန်းချီ မောင်မောင်သိုက် (ဓာတ်ပုံ ဧရာဝတီ မဂ္ဂဇင်း အင်တာနက် စာမျက်နှာ မှ)

စာနယ်ဇင်း သရုပ်ဖော်ပုံ နဲ့ မျက်နှာဖုံး ပန်းချီများ ရေးဆွဲ ရာတွင် အောင်မြင်မှု မှတ်တိုင်များ စိုက်နိုင်ခဲ့အောင် ရေးဆွဲခဲ့သူ ပန်းချီ မောင်မောင်သိုက် သောကြာနေ့ က ကွယ်လွန် သွားပါတယ်။

ပန်းချီမောင်မောင်သိုက် ဟာ ၁၉၇၁ ခုနှစ် အတွင်း စာနယ်ဇင်း ပန်းချီဆရာ အဖြစ် ပန်းချီလောက ကို စတင် ဝင်ရောက်ခဲ့သူ ဖြစ်ပါတယ်။

ပန်းချီပန်းပု ကျောင်းတက်စဉ် ပန်းချီ ဦးကြည်ထံတွင် ပန်းချီပညာကို သင်ယူခဲ့ပြီး မြင်ဆရာ၊ ကြားဆရာများဖြစ်ကြသော ပန်းချီ ဦးဘကြည်၊ ဦးဘရင်ကလေး၊ ဦးသောင်းဟန်၊ ဦးညိုလှ တို့ ထံတွင် ပန်းချီပညာကို ဆက်လက် ဆည်းပူးခဲ့ကြောင်း သိရ ပါတယ်။

၁၉၇၀ နှစ်များ တဝိုက် က ထွက်ခဲ့သော မဂ္ဂဇင်းများ မှ ယနေ့ ခေတ် မဂ္ဂဇင်းများ အထိ စာနယ်ဇင်း သရုပ်ဖော်ပုံများ၊ မျက်နှာဖုံးများ ဆွဲခြင်းဖြင့် ပန်းချီလောကတွင် အောင်မြင် ခဲ့သော ပန်းချီမောင်မောင်သိုက် သည် စာရေးဆရာပေါင်း များစွာ၏ ဝတ္ထု မျက်နှာဖုံးများ၊ သရုပ်ဖော်ပုံများ ကိုလည်း ရေးဆွဲ ခဲ့သည်။

သူ့ ဘဝ တလျှောက်လုံး ပန်းချီ ရေးဆွဲခြင်း ဖြင့် အသက်မွေးခဲ့သူ ဖြစ်ပြီး သရုပ်ဖော် ပန်းချီ တနေ့ ၃ ကား ရ အောင် ပင် ဆွဲနိုင်သူ လို့ ပန်းချီ မောင်မောင် သိုက် ရဲ့ ပန်းချီ ပညာ ကို လေ့လာခဲ့သူ ပန်းချီ ဆရာ မြင့်မောင်ကျော် က ဘီဘီစီ ကို ပြောပါတယ်။

ပန်းချီ မောင်မောင်သိုက် ဟာ ကွယ်လွန်ချိန် မှာ အသက် ၆၆ နှစ် ရှိပြီ ဖြစ်ပါတယ်။