ရှစ်လေးလုံးနဲ့ အနုပညာရှင်များ ရဲ့အခန်း ကဏ္ဍ

  • 7 ဩဂုတ် 2011
8888 ဓာတ်ပုံ မူပိုင် 8888
Image caption ၈ လေးလုံး ဆန္ဒပြမှု တွေမှာ လူတန်းစား အစုံ ပါဝင် ခဲ့ကြ ပါတယ်

မြန်မာ့ နိုင်ငံရေး စံနစ် ပြုပြင် ပြောင်းလဲ ဖို့ အတွက် ပြည်လုံးကျွန် ဆန္ဒပြ ခဲ့ကြတဲ့ ၈ လေးလုံး အရေးအခင်းမှာ လူတန်း စား အစုံ ပါဝင်ခဲ့ကြ တဲ့အထဲမှာ အနုပညာသမား တွေလည်း ပါဝင် ခဲ့ကြပုံကို မဇ္စျိမလှိုင်း တေးဂီတ အဖွဲ့က ဂီတ ပညာရှင် ကိုရဲလွင်က ပြန်ပြော ပြခဲ့ ပါတယ်။

စတီရီယို တေးသံရှင်များ အဖွဲ့ ဆိုပြီး သူတို့ စတင် ဆန္ဒပြ ခဲ့ကြစဉ် က နောက်ဆုံးမှာ ပြည်သူတွေ ဘက်က နိုင်လိမ့်မယ်လို့ သူတို့ယူဆ ခဲ့ကြတယ်လို့ ကိုရဲလွင်က ပြောပါတယ်။

နောက်ပိုင်း စစ်တပ် အာဏာ သိမ်းလိုက်တဲ့အခါ မှာတော့ အနုပညာရှင်တွေ လည်း အုပ်စုကွဲ သွားတယ်လို့ သူက ဆိုပါတယ်။

ဒါ့အပြင် အစိုးရက မြေကွက်ပေးတာမျိုး အခွင့်အရေး ပေးတာမျိုးတွေနဲ့ စည်းရုံးပြီး အသုံးချ ခဲ့တာတွေ ရှိတယ်လို့ လည်း ကိုရဲလွင်က ပြောပြခဲ့ ပါတယ်။